Part 21

171 13 8
                                    

"ဟင်..ဂျောင်ဂု ဘယ်ရောက်သွားတာလဲ ဂျောင်ဂု..ဂျောင်ဂု...."

အချိန်က ည 2 နာရီ ။ထယ်ယောင်း တရေးနိုးလို့ ထကြည့်ချိန် ဂျောင်ဂု မရှိ။စိုးရိမ်စိတ်တွေ ဖြစ်ကာ တခြားနေရာမှာ ရှိနိုးနိုးနဲ့ ထယ်ယောင်း တစ်ခန်း၀င် တစ်ခန်းထွက် ပတ်ရှာသည်။

"အပြင်ပဲ့ ထွက်သွားတာလား"

အပြင်ကို ထွက်ကြည့်ပြန်တော့လဲ ဂျောင်ဂု ကား ကရှိနေသည်။

"ဒုက္ခပါပဲ့ သူဘယ်ရောက်သွားတာလဲ..."

တိုင်ကပ်နာရီတစ်ချက်ကြည့်တော့ ည 2နာရီ 10မိနစ်။ဟို‌ေနရာကြည့်လဲ မတွေ့ ဒီနေရာကြည့်ပြန်တော့လဲ မတွေ့ ထယ်ယောင်း ငိုချင်လာမိသည်။

"ဂျောင်ဂု...! !ဂျောင်ဂုရေ ဂျောင်ဂု....ဂျီမင်ရေ ဂျောင်ဂုကိုမတွေ့တော့ဘူး"

ထယ်ယောင်း ‌အော်ဟစ်ကာ အိမ်ထဲပြေး၀င်လာတော့သည်။

"ဟေး..ဘာတွေ ဘာတွေဖြစ်နေကြတာလဲ"

အိမ်မှာရှိတဲ့ လူတွေအကုန်လုံး လန့်နိုးလာကြသည်။

"ထယ်ယောင်း ဘာဖြစ်တာလဲ"

ဂျီမင် အိပ်မှုန်စုတ်ဖွာနဲ့ ထမေးသည်။

"ဂျောင်ဂု မရှိတော့ဘူး"

"ဘာ"

တစ်အိမ်လုံး ဗရုတ်သုတ်ခဖြစ်ကာ ဂျောင်ဂုကို လိုက်ရှာကြသည်။ဂျောင်ဂုဆီ ဖုန်းဆက်ပြန်တော့လဲ ဖုန်းက စက်ပိတ်ထားသည်။အချိန်တော်တော်ကြာသည်အထိ သူတို့ ဂျောင်ဂုရဲ့ အရိပ်အယောင်တောင်မတွေ့။

"ဟင့်....ဘယ်တွေများသွားနေတာလဲ မင်းငါ့ကို တော်တော် စိတ်ဒုက္ခပေးနေပါလားဟမ့် ဒုက္ခပါပဲ့ မနက်ဖြန်စာဖြေရအုံးမယ်လေ ဟင့်"

ထယ်ယောင်း ငိုပါတော့သည်။

"စိတ်ကို လျှော့ကြပါ ....သားတို့ ....ဒီည သူ စိတ်ထွက်ပေါက် ရှာနေတာ ဖြစ်မှာပါ ...."

"ဟင်....စိတ် ထွက် ပေါက် ရှာတယ်"

အိမ်တော်ထိန်းလီ ပြောတော့ ထယ်ယောင်းတို့ ကြောင်အမ်းအမ်းဖြစ်ကုန်ကြသည်။

"ဟုတ်တယ်...သူက ငယ်တည်းက အမြဲအဲလိုပဲ့...တစ်ခုခု စိတ်ဖြေစရာမရှိတော့ဘူးဆိုရင် တစ်နေရာသွားပြီး စိတ်ဖြေရာ ရှာတတ်တယ်..."

Opposite....🍁🍁Where stories live. Discover now