"ထယ်ယောင်း...ထယ်ယောင်း...ငါခေါ်တာကြားလား...ကင်မ်ထယ်ယောင်း"
"ဂျောင်ဂု...အ့...."
မိုးစက်တွေကြားထဲ ထယ်ယောင်း ဂျောင်ဂု ရင်ခွင်ထဲမှာပဲ့ ခေါင်းသွေးထွက်ကာ သတိမေ့သွားရတော့သည်။
"ထယ်ယောင်း....ဟေး...ကင်မ်ထယ်ယောင်း...မထူးတော့ဘူး....အိမ်ကိုခေါ်သွားမှဖြစ်မယ်...."
ဂျောင်ဂု လှုပ်နိုးသော်လည်း မရတာမို့ နောက်ဆုံး သူ့အိမ်ကိုခေါ်သွားဖို့အကြံပေါ်လာသည်။မိုးက သဲသဲမဲမဲရွာလို့ ကျောင်းတစ်ခွင် မှောင်မိုက်လို့နေပါသည်။နာရီကြည့်ေတာ့ ညနေ ငါးနာရီခွဲကျောင်းကဆရာမေတွတစ်ေယာက်မှမရှိတာေသချာသည်။ဒီကိစ္စ ကျောင်းကသာသိသွားရင် ပြသနာက ကြီးလာတော့မှာမို့ ရှင်းရင်းရှုပ်ကုန်မှာစိုးလို့ ဂျောင်ဂု ထယ်ယောင်းကိုယ်လုံးကို မ ချီ ကာ ကားဆီ လျှောက်သွားသည်။
"ဟင်း.....လေးလိုက်တာ.....ဘယ်လောက်တောင်များ စားထားတာလဲ..."
နှစ်ယောက်လုံးလဲ မိုးရေတွေနဲ့စိုလို့နေသည်။ဂျောင်ဂု ထယ်ယောင်းကို ကားထဲထည့်ပြီး ဘေးပတ်၀န်းကျင်ကို တစ်ချက်လှည့်ကြည့်ကာ အိမ်သို့ကားမောင်းထွက်ခဲ့လေသည်။
"ဟယ်လို....ဒေါက်တာမင် လား...."
"ဟုတ်ပါတယ်..ဘာဖြစ်လို့လဲ"
"ကျွန်တော် ဂျွန်ဂျောင်ဂု ပါ...အိမ်မှာ တစ်ယောက်ယောက် နေမကောင်းအသဲအသန်ဖြစ်နေလို့ ခုချက်ချင်းအိမ်ကို လာခဲ့ပေးပါ"
"ဗျာ....ကျွန်တော်"
"ကျွန်တော် ဘာမှမကြားချင်ဘူး ဒေါက်တာ ....ကျွန်တော်အခုလမ်းမှာ.....ခနနေအိမ်ရောက်ပီ....ကျွန်တော် ရောက်တာနဲ့ ဒေါက်တာလဲ အိမ်ကို ရောက်နေရမယ် ...ဒါပဲ့"
ဂျောင်ဂု ပြောရင်း ဖုန်းချပစ်လိုက်သည်။ကားမောင်းနေရင်း တချက်တချက် သူ ထယ်ယောင်း ကိုလဲ ကြည့်နေရသည်။ခနကြာတော့ သူလဲ အိမ်ရောက်သွားလေသည်။အိမ်မှာ ရှိနေတဲ့ အိမ်တော်ထိန်းတွေနဲ့ အလုပ်သမားတွေအားလုံး အိမ်ရှေ့မှာ တန်းစီရပ်နေကြသည်။
"လာကူအုံးလေ...ဘာရပ်ကြည့်နေကြတာလဲ"
"ဟုတ်...ဟုတ်..."
VOCÊ ESTÁ LENDO
Opposite....🍁🍁
Romance"ဂျောင်ဂု...ထယ်ယောင်းက သိပ်လှတာပဲ့နော်...အရင်တည်းက အကြိုက်ချင်းတူတဲ့ မင်းနဲ့ငါက ဒီတစ်ခုတော့မတူတော့ဘူးထင်တာပဲ့...ငါသူ့ကို သေလောက်အောင်ကြိုက်တယ်..သူနဲ့ ချစ်သူဖြစ်ဖို့ မင်းကို အောင်သွယ်ခိုင်းမှရမယ် ..ဟီးဟီး.." Park Jimin "No...