"ဂျီမင်.."
"အင်း ...ပြောလေ"
"မင်းနဲ့ ဂျောင်ဂု ခုတလော အဆင်ပြေရဲ့လား"
"အဆင်ပြေလား မပြေလား ငါလဲ မသိပါဘူးကွာ...ဂျောင်ဂုက ငါ့ကို ရှောင်နေတာပဲ့သိတယ်"
ဒီရက်ပိုင်း ဂျီမင် ထယ်ယောင်းနားပဲ့ ကပ်သည်။ထယ်ယောင်းက စိတ်ထားကောင်းသလို ခင်ဖို့လဲ ကောင်းသည်။နေ့လည်ထမင်းစားချိန် ထမင်းစားပြီးလို့ ကန်တင်းမှာ နှစ်ယောက်သား လေညင်းခံနေကြသည်။စာသင်ချိန်ကလွဲလို့ ဂျီမင် ထယ်ယောင်းနား သွားတဲ့အချိန်တိုင်း ဂျောင်ဂု ကိုထယ်ယောင်း လုံး၀မတွေ့ရပေ။ဂျောင်ဂု ဂျီမင်ကို ရှောင်နေတာ သူ့ကြောင့်လို့ ထယ်ယောင်း ထင်သည်။
"ငါ့ကြောင့် သူရှောင်နေတယ်ထင်တယ်"
"ဘာဆိုင်လို့လဲ"
"ဟုတ်တယ်လေ....မင်းနဲ့သူနဲ့က အချစ်ဆုံးသူငယ်ချင်းတွေပဲ့မလား...မင်းကလဲ သူ့ဆီမသွားဘဲနဲ့ ငါ့ဆီပဲ့ လာလာနေတာ....တော်ကြာသူငါ့ကို မုန်းနေမလားမသိဘူး"
"ဟား...မဆိုင်ပါဘူး ထယ်ယောင်းရယ်...ငါလဲ သူ့ကို ခေါ်ပါတယ်ဟ...ညနေကတောင်သူငါ့အိမ်လာသေးတာ...ဘာမှမဖြစ်ပါဘူး...သူကအရင်တည်းက အဲလိုပဲ့..."
"ဟုတ်လို့လား....ဒီလိုလုပ်ပါလား ဂျီမင်....ငါ ဂျောင်ဂုနဲ့ သူငယ်ချင်းဖြစ်ချင်တယ်...သူနဲ့သူငယ်ချင်းဖြစ်သွားရင် ငါတို့က သုံးယောက်ဖြစ်သွားပြီပေါ့..ပျော်စရာကောင်းမှာ"
"အေ...ဒါလဲ..မဆိုးဘူး...ငါသူ့ကို ပြောကြည့်မယ်လေ"
"အင်း"
ဂျောင်ဂုတစ်ယောက်တည်း အထီးကျန်နေမှာ ထယ်ယောင်းစိုးရိမ်သည်။သူ့အပေါ်သနားစိတ်လဲ ပိုမိသည်။သူ့ကြောင့်နဲ့ ဂျောင်ဂု အချစ်ဆုံးသူငယ်ချင်းကို ဆုံးရှုံးသွားမှာ မလိုချင်ခဲ့ပါ။
"အော်....တွေ့ပြန်ပီေပါ့ ...မင်းတို့နှစ်ယောက်ပဲ့သေးလား..."
"ဟင်...ဂျောင်ဂု"
ဂျောင်ဂု အိမ်မှာ ထမင်းစားပြီး ကျောင်းအသွား ဆိုင်တစ်ဆိုင်မှာ ဂျီမင် ကြိုက်တဲ့ ဘယ်ရီသီးတွေ တွေ့လို့ ဂျီမင်အတွက် ၀ယ်ခဲ့သည်။ကျောင်းရောက်တော့ ဂျီမင်ကို လိုက်ရှာတော့လဲ မတွေ့။နောက်ဆုံး သူကန်တင်းဖက် လမ်းလျှောက်ထွက်လာတော့ ဂျီမင် က ထယ်ယောင်းနဲ့အတူ ရှိနေတာကို တွေ့သည်။သူ့ရင်ထဲ ဒေါသမီးတွေ ပေါက်ကွဲကာ ခြေလှမ်းကျဲကြီးတွေနဲ့ ဂျောင်ဂု ရောက်လာသည်။
YOU ARE READING
Opposite....🍁🍁
Romance"ဂျောင်ဂု...ထယ်ယောင်းက သိပ်လှတာပဲ့နော်...အရင်တည်းက အကြိုက်ချင်းတူတဲ့ မင်းနဲ့ငါက ဒီတစ်ခုတော့မတူတော့ဘူးထင်တာပဲ့...ငါသူ့ကို သေလောက်အောင်ကြိုက်တယ်..သူနဲ့ ချစ်သူဖြစ်ဖို့ မင်းကို အောင်သွယ်ခိုင်းမှရမယ် ..ဟီးဟီး.." Park Jimin "No...