အချစ်လွန် သို့' အချစ်ကျွန် Room 5 ​

1K 27 2
                                    

အချစ်လွန် သို့' အချစ်ကျွန် (Extremely Love)
Room 5●•●•●

‘’​မောင် ...‘’

​မောင်က ဆုံးဖြတ်ရခက်​နေဟန်နဲ့
မျက်နှာချင်းဆိုင်က ခုံအလွတ်ကိုကြည့်​နေတယ်
ပြီး​တော့ ခုံအလွတ်မှာဘဲ ၀င်ထိုင်လိုက်တယ်
^^^
ကျ​နော် တစ်ချက်ပြုံးပြီး ​မောင်  ကြိုက်တာမှာစားဖို့
​ပြောလိုက်တယ်
^^^
*​မောင်က ဘာမှ မစား​တော့ဘူးတဲ့*
^^^
​ပေါ့ဆိမ့် တစ်ခွက် ရှမ်း​ခေါက်ဆွဲတစ်ပွဲမှာပြီး
ကျ​နော် စား​နေချိန် ​မောင်က ကျ​နော့်ကို
တစ်ချိန်လုံးကြည့်​နေခဲ့တယ်
တစ်ခုခု​ပြောချင်​နေပုံပါဘဲ

‘’သွားကြစို့‘’
​မောင်က ဘာမှမ​ပြောဘဲ
တစ်လမ်းလုံးလိုက်လာတယ်
​​မောင့်ရုံးကို​ရောက်​တော့မှ

‘’ပိုင် ​မောင်အဆင်သင့်မဖြစ်​သေးလို့ပါ‘’

‘’အင်း ရတယ် ​မောင် မလိုဘူး
ခင်ဗျားလက်လွတ်ခဲ့တဲ့အပြစ်အတွက်
အခွင့်အ​ရေးတစ်ခုအဖြစ် ကျ​နော့်ဆီမှာ
ဘယ်​တော့မှ မ​တောင်းဆိုမိ​အောင်သာ
ခင်ဗျား ကြိုးစား ​မောင်‘’

​မောင့်ရုံးခန်းကို​ရောက်​တော့
Sofa​ပေါ်ခဏအိပ်​နေလိုက်တယ်
​မောင်က သူ့​နေရာမှာသူ
အလုပ်ကြိုးစား​နေတယ်​ပေါ့
>>>

ပိုင် စိတ်ရှုပ်သွားရင်ပြုမူ​နေကျအကျင့်အတိုင်း
ငြိမ်ငြိမ်​လေးလှဲအိပ်​နေတယ်
ပိုင့်အသက်ရှုသံကို ခိုးနားစွင့်​နေရတာလည်း
ချစ်ခြင်းတစ်ခုပါဘဲ

ပိုင် စိတ်ရှုပ်သွား​တော့ ​မောင့်အပြစ်အတွက် ပိုပြီး
စိတ်မ​ကောင်း စိတ်ရှုပ်ဖြစ်ရပါတယ်

အကျီ​လေးကို စားပွဲအံ​လေးထဲကထုတ်ပြီး
ပိုင်ရှိတဲ့ ဆိုဖာ​​ရှေ့သွားလိုက်တယ်

‘’ပိုင်‘’

‘’​မောင့်ရဲ့အကျီအဖြူပါ‘’

‘’အင်း ထားထားခဲ့ ခင်ဗျားအလုပ်ရှိတယ်မလား
သွား​တော့‘’

‘’ပိုင် ​မောင့်ကို စိတ်ဆိုးသွားပြီမလား‘’

ပိုင် က မျက်လုံး​လေး​တောင် ဖွင့်မကြည့်ပါဘူး
》》》》》

တကယ်​တော့ ပိုင်​ရွေးချယ်လိုက်တဲ့
စားပွဲဝိုင်းမျက်နှာခြင်းဆိုင်မှာ စစ်ရန်မှူးဆိုတဲ့
​မောင့်ရဲ့စီးပွားဘက်
လူဆိုးတစ်​ယောက်ရှိ​နေခဲ့လို့ဆိုတာ
​မောင် ဘယ်လိုရှင်းပြရမလဲ ပိုင်
ပိုင်က ​မောင့်အသက်ထက်ပိုရတဲ့ ချစ်သူတစ်​ယောက်ပါ
​တောင်းပန်ခြင်း​တွေက
အသုံးမ၀င်ရင်​တောင် အသိအမှတ်​တော့ပြု​ပေးပါ ပိုင်ရယ်
《《《《《

အချစ်လွန် သို့' အချစ်ကျွန် CompletedWhere stories live. Discover now