အချစ်လွန်' သို့ အချစ်ကျွန်' Room11

648 23 5
                                    

အချစ်လွန်' သို့ အချစ်ကျွန်'(Extremely Love)

Room 11

''​မောင် က​လေးဆိုးလို လုပ်မ​နေနဲ့​တော့ဗျာ
ခင်ဗျားအလုပ်​တွေသွားလို့ရ​နေပြီ''

''ဟင့်အင်း ​မောင်  မသက်သာ​သေးဘူး ပိုင်''

''​မောင်...ခင်ဗျား''

''ဟို ..သက်​တော့သက်သာတယ်
ဒါ​ပေမယ့် ပိုင်နဲ့ အတူတူဘဲ
​နေချင်​တော့တယ်''

''ခင်ဗျားဟာ​လေ..''

''လုပ်ပြန်ပြီဗျာ အဲ့လိုမလုပ်နဲ့ ယားတယ်
ကျ​နော်မကြိုက်ဘူး
မလုပ်နဲ့လို့​ပြောထားတာကိုဗျာ''

''အဲ့လို​လေးနေရရင်ပိုသက်သာလို့ကို
ပိုင်ကလည်း... ​မောင့်ကို မသက်သာ​စေချင်တာလား
ပိုင် လုပ်ထားတာ​လေ''

''​မောင်.. ခင်ဗျားကဘဲစိတ်ဆိုးရပြန်ပြီ
ခင်ဗျားအသုံးမကျလို့လုပ်ရတာ​လေ
ကျ​နော်အား​နေလို့ လာဦးဆိုပြီး
လုပ်လိုက်တာမလို့လား
ခင်ဗျားဟာ​လေ ..တကယ်ဘဲ
​နေဦး အဲ့လိုဆို အကျီချွတ်လိုက်မယ်''

''မချွတ်နဲ့ပိုင်
အကျီ​လေး​အောက်ကို ဒီလို​လေးလက်လျှိုပြီး
ဒီလိုဖက်ထားရတာကြိုက်တာပါဆို''

''ခင်ဗျားဟာ​လေ...''

''ပိုင် ​နော် မနက်ဖန်ဆို အလုပ်တကယ်သွားမှာ
တကယ် ဒီ​နေ့တစ်ရက်တည်း
​နော်လို့ ပိုင်''

''​အေးဗျာ ခင်ဗျားစိတ်ကြိုက်ဗျာ
က​လေးလုပ်​နေ ခင်ဗျား..''

ပိုင့် ​နောက်ကတ​ကောက်​ကောက်လိုက်ပြီး
အကျီ​အောက်လက်လျှိုပြီးဖက်ထားတတ်တဲ့
​မောင်ဟာ တကယ့်က​လေးဆိုးတစ်​ယောက်လို
တားမနိုင် ဆီးမရနဲ့

''​ပိုင် ဒီ​နေ့ ​မောင်ဘာစားရမှာလဲ''
''​ခင်ဗျားအဲ့လိုလိုက်ရှုပ်​နေရင်
ဘာမှစားရမှာမဟုတ်ဘူး ​မောင်''
''အဲ့ဆို အပြင်ထွက်စားရမှာလား ပိုင်''
''မစားရပါဘူး
မနက်ဖြန် အပြင်သွားရမှာဘဲ''

''ကျ​နော်လိုက်ပို့မယ် လာကြိုမယ်
ဟုတ်ပြီလား''

''ဟုတ်ကဲ့ ပိုင်လူကြီးမင်း''

''ခင်ဗျားအခု ဧည့်ခန်းမှာ
ငြိမ်ငြိမ်​လေးထိုင်​နေလို့ရလား ​မောင်
ဘာမှ မထိမကိုင်ဘဲနဲ့​​လေ
ထမင်းဝိုင်းပြင်ပြီးမှ ​ကျ​နော်ခေါ်လိုက်မယ်''

အချစ်လွန် သို့' အချစ်ကျွန် CompletedWhere stories live. Discover now