အချစ်လွန် သို့ အချစ်ကျွန် Room20

414 17 0
                                    

အချစ်လွန် သို့ အချစ်ကျွန် (Extremely Love)

Room20

မောင်ရဲ့ လက်ကလေးပေါ်ကို
ပါးလေးအပ်မိတော့ နာလိုက်တာ မောင်ရေ
မောင်သိတယ်မလား
မနေ့က မောင့်ဖေဖေလူတွေနဲ့
စကားပြောရင်း ရန်ဖြစ်ရင်းဆိုတာကို😅
မောင်ခန့်မှန်းမိတယ်မလား

မောင်..
ခင်ဗျားဖေဖေကလေ ကမ္ဘာမှာ အချစ်တတ်ဆုံးနဲ့
အယုတ်မာဆုံးလူဆိုတာ ခင်ဗျားသိလား
ချစ်တတ်တာက ခင်ဗျားအတွက်တော့မဟုတ်ဘူး
ခင်ဗျားမမအတွက်
ယုတ်မာတာကတော့ မောင့်အတွက်ပေါ့ဗျာ😞

မောင် ခင်ဗျားကို ကျနော် ဝန်ခံစရာတစ်ခုရှိတယ်
မောင့်ဆီက ဖုန်းနံပတ်တစ်ခု
ကျနော် မှတ်ထားခဲ့ဘူးတယ်
Dangerဆိုတာလေး...
ကျနော် မောင့်ရဲ့
privacyကိုကျူးတာမဟုတ်ဘူးနော်
မောင့်အတွက် လိုအပ်ရင်ဖြည့်ပေးချင်လို့
ကျနော်မှတ်ထားလိုက်မိတာ
ကျနော်စုံစမ်းကြည့်တော့
အဲ့ဖုန်းနံပတ်ပိုင်ရှင်က မောင့်ဖေဖေဖြစ်နေရော
ကျနော် လုံးဝမယုံကြည်နိုင်ပေမယ့်
မနေ့က အတည်ပြုလို့ရခဲ့တယ် မောင်

မောင့်ကို Video Fileတွေပို့နေတာရော
မောင့်ဖေဖေဘဲ
မောင် အံ့သြလား
ပိုပြီးအံသြစရာပြောပြပါဆိုရင်

မောင့်မမဆီ Video Fileပို့ခဲ့တာလည်း
မောင့်ဖေဖေဘဲ

သူသိပ်ချစ်တဲ့သမီး တခြားတစ်ယောက်ရင်ခွင်စီ
မရောက်ဖို့ ကြိုးစားခဲ့တဲ့နည်းလမ်းတွေထဲကတစ်ခုပေါ့ မောင်ကကြားထဲက ဓားစာခံဖြစ်ခဲ့ရတာ
မောင့်မမသေရတာ မောင့်ကြောင့်လို့
မောင်ယူဆရင်
သေစေတဲ့ ဒဏ်ရာက မောင့်ဖေဖေမို့
မောင့်မှာ ဘာအပြစ်မှ မရှိဘူးဗျ

မောင့် ဆီက မျက်ရည်စတစ်ချို့
ကျနော်စပြီးမြင်လိုက်ရတယ်

ကျနော်ဆုပ်ကိုင်ထားတဲ့ မောင်လက်ကလေးက
တင်းလာတယ်

မောင်သတိရ​တာလား မောင်....
ကျနော်ပြောတာကြားလား မောင်

ဒေါက်တာ ဒေါက်တာ...

နှလုံးခုန်သံတွေမြန်လာတဲ့ မောင်က
အသက်ရှုသံတွေခပ်ပြင်းပြင်းနဲ့
ပါးပေါ်ကမောင့်မျက်ရည်တွေက
ဝမ်းနည်းစေပေမယ့် မောင့်အသိတွေနိုးထလို့ပျော်ရတယ်

အချစ်လွန် သို့' အချစ်ကျွန် CompletedWhere stories live. Discover now