အချစ်လွန် သို့" အချစ်ကျွန် Room 16

495 16 4
                                    

အချစ်လွန် သို့ အချစ်ကျွန် (Extremely Love)
************************************
Room 16
********

သတိရလို့ နိုးလာတဲ့အခါ မောင်ရှိမနေသလို
အရာရာကသူစိမ်းဆန်ဆန်ပါဘဲ
ဒီနေရာဝန်းကျင်က ကျနော် မသိနေသော
တစ်စိမ်းတစ်နေရာပါဘဲ

"ကိုကောင်းလင်းပိုင် သတိရပြီလား"
"စစ်ရန်မှူး..."
"ဟုတ်တယ် ခင်ဗျားကိုကျနော့်အိမ်ခေါ်လာခဲ့တာ"

"မောင်.. မောင်ရော..
မောင် ဘယ်မှာလဲ"

"ဦးမောင်မောင်စိုးတို့ သူတို့သားကိုခေါ်သွားတယ်
ခင်ဗျားကိုတေ့ာ ကျနော်ခေါ်လာတာဘဲ"

"ကျနော် မောင့်ဆီသွားမှဖြစ်မယ်"

"ခုချိန်သွားဖို့အဆင်မပြေနိုင်လောက်ဘူး
ခဏနားပါဦး နောက်ပြီး ခင်ဗျားလွယ်လွယ်နဲ့
ဇေဝါမောင့်ဆီ
သွားလို့ရမယ်မထင်ဘူး"

"ခင်​ဗျားဘာသဘောနဲ့ ကျနော့်ကိုခေါ်လာတာလဲ"

"သူတို့ပစ်ထားခဲ့လို့ကောက်လာတာလေ
ဘာလို့လဲ
အဲ့လောက်တော့ ကျနော် စာနာတတ်ပါတယ်
အများကြီးမတွေးနဲ့ ကိုကောင်းလင်းပိုင်
ခင်ဗျားကြုံလာရမှာ အများကြီး
ခုမှ အစရှိသေးတယ်"

"ခုချိန်မှာ အိမ်ပြန်ပြီးစောင့်နေတာက
ခင်ဗျားအတွက်
ပိုအဆင်ပြေမယ်ထင်ပါတယ်
ကိုကောင်းလင်းပိုင်"

"မောင့်...အိမ်ကိုသိလား "

"ဇေဝါမောင့်ကို ဘယ်ခေါ်သွားလဲ
သိချင်တာလား
မစုံစမ်းရသေးဘူး ခင်ဗျား သိချင်လို့လား"

"နေပါစေ ကျနော်သွားဦးမယ်"

"ဟုတ်ပါပြီဗျာ ခင်ဗျား ကံကောင်းပါစေ"

မောင့်အိမ်ဆိုတာ ကျနော်မသိဘူး
မောင်တစ်ခါပြောပြဘူးတဲ့
မောင်တို့ငယ်ငယ်ကအိမ်ဆိုတာလည်း
ကျနော် မမှတ်မိဘူး သတိမထားမိဘူး

အိမ်မှာ မောင့်ကို ​ပြန်စောင့်နေမှ အဆင်ပြေမယ်
အနည်းဆုံးတော့ မောင်ပြန်လာရင်
ကျနော်ရှိနေမှဖြစ်မယ်

တံခါးလော့ပွင့်နေတော့ မောင်ရောက်နေပြီပေါ့
မောင်...""
ခွပ်.....
ရုတ်တရက် အငိုက်အရိုက်ခံရတော့ ခေါင်းမူးပြီး
လူက ယိုင်ထိုးကျသွားတယ်

အချစ်လွန် သို့' အချစ်ကျွန် CompletedWhere stories live. Discover now