အချစ်လွန်သို့အချစ်ကျွန် Room22

417 12 3
                                    

အချစ်လွန်သို့အချစ်ကျွန် (Extremely Love)
***********************************
Room 22
*********

"ရန်ရန် ဘာတွေလုပ်နေတာလဲ
ခ လုံးဝနားမလည်နိုင်ဘူး"

"ခင်ဗျား နားလည်ဖို့ လုပ်နေတာ တစ်ခုမှမပါလို့
ခင်ဗျား နားမလည်လည်းအဆင်ပြေတယ်
ကိုမင်းခ
ပြီးတော့ ကျနော်ရှိတဲ့အရပ်ကို
မလာဖို့ပြောထားတယ်
ခင်ဗျားမေ့သွားတာလား"

"ခ တောင်းပန်ပါတယ် ရန်ရန်ရယ်
ခ လေ ဇေဝါ​မောင့်ကို
ထိခိုက်လိုစိတ်လုံးဝမရှိပါဘူး
ခ လေ ရန်ရန်ပျော်ဖို့အတွက်ဘဲစဥ်းစားခဲ့တာပါ"

ဖျောင်း"
အ.. ရန်ရန်..
"စကားကိုလက်လွတ်စပယ်မပြောနဲ့
တရားနည်းလမ်းမကျတဲ့ပျော်ရွှင်မှု့ကို
လက်ခံရအောင်အထိ ကျနော် မမိုက်ဘူး ကိုမင်းခ
ခင်ဗျားထွက်သွား ခင်ဗျား လုပ်ရပ်ကြောင့်
ကျနော်ပျော်ရမယ်ထင်နေသေးရင် ထွက်သွားလိုက်တော့"

"သွားမယ် ရန်ရန်
နောင်တမရစေနဲ့လို့ ခ ဆုတောင်းပေးတယ်"

"နောင်တရရလည်း ကျနော်နဲ့ဘဲဆိုင်တာမို့
သွားလိုက်တော့ ကိုမင်းခ"
<><><><><>♥<><><><><><><><>

"မောင် ထမင်းစားလိုက်ဦးနော်
မောင်ကြိုက်တတ်တဲ့
ဟင်းတွေချက်ထားပေးတာ"

စားပွဲပေါ်က ထမင်းပန်းကန်ကို
နံရံပေါ်ပစ်ပေါက်တဲ့မောင်ဟာ
သူစိမ်းတစ်ယောက်လို အပြုအမူ တွေနဲ့

"မောင် ဘာဖြစ်တာလဲ
အဲ့လိုတွေ မလုပ်ပါနဲ့"

"လုပ်မယ် ကောင်းလင်းပိုင်...
မင်းသိဖို့က ..မောင့်ဘဝမှာလေ
အချစ်ရဆုံးလူက မင်း
အဲ့လိုဘဲ အနာကျည်းရဆုံးလူကလည်း
မင်းဖြစ်မယ်လို့
ငါလုံးဝမထင်ထားဘူး ပိုင်"

"မောင်"

မောင့်ရဲ့စကားတွေဟာ သူစိမ်းတစ်ယောက်ဆီက
စကားသံတွေလို

"ပိုင့်ကို ချစ်မိတဲ့ အချစ်တစ်ခုပေမယ့်
မောင်က အရုပ်မဟုတ်ဘူး
ပြည့်တန်ဆာ မဟုတ်ဘူး
လိင်ဆက်ဆံဖို့ မွေးဖွားလာတဲ့ကောင်မဟုတ်ဘူး ပိုင်
ပိုင် မကြိုက်ရင် သတ်ပစ်လိုက်
မောင် သေရဲတယ် ကျေနပ်တယ်
ဟောဒီကောင်မောင်က
ပိုင်တစ်ယောက်တည်းအတွက်
မွေးဖွားလာတာ"

အချစ်လွန် သို့' အချစ်ကျွန် CompletedWhere stories live. Discover now