အချစ်လွန်' သို့ အချစ်ကျွန် Room 10

746 26 9
                                    

အချစ်လွန်' သို့ အချစ်ကျွန်' (Extremely Love)

Room 10

​ပတ်တီးအ​ဖွေးသားနဲ့ ​မောင့်လက်က​လေး​တွေဟာ
​မွေ့ယာထက်မှာ ​မောင်နဲ့အတူငြိမ်သက်လို့
!!!
​မောင်ရာ ယုံကြည်မှု့မရှိတဲ့ ချစ်ခြင်း​တွေဟာ
ပင်ပန်းတယ်ဆိုတာ ခင်ဗျားသိရက်နဲ့
ခွင့်မလွှတ်တတ်တဲ့ ကျ​နော်နဲ့မှ လာ​တွေ့ရတယ်လို့
!!!
​မောင့်လက်က​လေးကို ဖွဖွကိုင်​တော့
​မောင့်ဆီက ညည်းသံသဲ့သဲ့​​လေးကြားမိတယ်
​မောင်က​လေ က​လေးဆိုးတစ်​ယောက်လိုဘဲ
​မောင် ဘယ်​လောက်ဆိုးဆိုး စွန့်ပစ်ဖို့အထိ​တော့
ကျ​နော် မ​တွေးပါဘူး​ဗျာtion a user
!!!
​မောင့်​ဘေးမှာ ​မှေးခနဲဖြစ်မိတုန်း
ရှိုက်သံကြားလို့ကြည့်မိ​တော့ ​
မောင်ကမျက်ရည်​တွေကျ​နေတယ်

‘’​မောင် ခင်ဗျားသက်သာလား
​မောင် ကြားလား‘’
!!!
​မောင့်ကိုလှုပ်နှိုးပြီး​ခေါ်​ပေမယ့်
​မောင့်ဆီက ငိုရှိုက်သံကလွဲ ဘယ်လိုတုံ့ပြန်သံမှမကြားရဘူး!!

​မောင့်နဖူးကိုစမ်းကြည့်​တော့
ကိုယ်​တွေခြစ်ခြစ်တောက်ပူ​နေ​ရော
မ​နေ့က ​မောင်အရမ်းပင်ပန်းခဲ့မှာ
!!!

​မောင့်ကို​ရေခဲ၀တ်တင် ​ရေပတ်တိုက်​နေတုန်း
​မောင့်ဖုန်းက အဆက်မပြတ်လာ​နေပြန်တယ်
ဖုန်းကိုပိတ်ဖို့ ကိုင်မိတုန်း
မှတ်ထားတဲ့ နာမည်​ကြောင့် အံ့သြသွားတယ်
DANGERတဲ့ ​မောင့်မှာ အန္တရာယ်ရှိ​နေခဲ့တာလား

​ပုံမှန်​တော့ ​မောင့်ရဲ့ကိုယ်​ရေးကိုယ်တာ​တွေ
စိတ်မ၀င်စား​ပေမယ့် ခုတစ်​လောညတိုင်း
လာ​နေတတ်တာ​ရော ​
မောင့်အ​ခြေအ​နေ​ကြောင့်​ရောဖုန်းကိုကိုင်လိုက်ဖို့
ဆုံးဖြတ်လိုက်တယ်

ဖုန်းကိုင်ပြီးတစ်ဖက်က ဘာမှမ​ပြောသလို
ကျ​နော့်ဘက်အ​နေနဲ့လည်း ဘာမှ မ​ပြောဖြစ်ဘူး
၁၀မိနစ်​လောက်ကြာ​တော့
တဘက်လူကဖုန်းချလိုက်တယ်
ဘာကိစ္စမှန်းမသိရ​ပေမယ့်
နံပတ်တစ်ခုကို ကျ​နော်မှတ်ထားလိုက်မိတယ်
!!!

‘’​မောင်..​မောင်....သတိထား​​လေ‘’

လူးလွန့်​နေတဲ့​မောင်က ​
စောင်စ​တွေကို ဆွဲဖယ်ချ​နေ​တော့

အချစ်လွန် သို့' အချစ်ကျွန် CompletedWhere stories live. Discover now