အချစ်လွန်သို့အချစ်ကျွန် Room17

425 20 6
                                    

အချစ်လွန် သို့ အချစ်ကျွန် (Extremely Love)

Room 17

"ပိုင်.... ပိုင် ဘာမှမဖြစ်ရဘူးနော်"
ပိုင့်ရဲ့အသားနုနုလေးတွေမှာ တွဲခိုနေလိုက်
ခုန်ထွက်နေလိုက် လုပ်နေတဲ့ သွေးစလေးတွေ
မြင်ရတာက မောင့်ရင်ကို နာကျင်တာထက်
ပိုတဲ့ နာကျင်မှု့တွေပေးတာပါ
မောင့်ကြောင့်ပါ ပိုင်..
မောင့်ကြောင့်...
ပိုင့်လက်ကကြိုးတွေပြေလျော့ဖို့ကြိုးစားချိန်
တုန်ယင်နေတဲ့ မောင့်လက်တွေထိန်းဖို့
မောင်သမာဓိအားကောင်းမနေခဲ့ပါဘူး
ခက်ခက်ခဲခဲ
ကြိုးတွေပြေလျော့ချိန် မှ
မောင့်လက်တွေနဲ့ ပိုင့်ကိုထိန်းပေမယိ့
ပိုင်ဟာအရုပ်ကြိုးပြတ်
မောင့်ရင်ခွင်ထဲပြုတ်ကျလာတယ်

မောင့်ဘဝမှာ ပိုင့်ကို မိမိရရ ဖမ်းဆုပ်နိုင်ခဲ့တဲ့
ပထမဆုံးအခွင့်အရေးပါဘဲ
ဒီတစ်ညပြီးရင် ဝေးရမယ့်နေ့တွေက
မောင့်အတွက် အိပ်မက်ဖြစ်ခဲ့ရင်တောင်
ဆက်ပြီးရှင်သန်ဖို့ မလုံလောက်ဘူး ပိုင်ရယ်
ပိုင်ကမောင့်ဘဝ ပိုင်ကမောင့်အနာဂတ်
မောင်က ပိုင်နဲ့ဝေးရာမှာ ရှင်သန်ဖို့မဖြစ်နိုင်တဲ့
ပိုင့်အနာဂတ်လေးပါ

ပိုင့်ကိုပွေ့ပြီးကုတင်ပေါ်တင်တော့
နာလို့ထင်ပါတယ်
ညဥ်းသံလေးတစ်ခု ကြားလိုက်ရတယ်
ရေနွေးလေးနဲ သန့်စင်​ပေးပြီး ပိုင့်ဒဏ်ရာတွေကို
​​ဆေးကြောပြီး ဆေးထည့်လိုက်တယ်
မျက်ရည်တွေဆိုတာလည်း မကုန်မခမ်းနဲ့
ပိုင်သိရင်ရိုက်ခံရဦးမှာ😅

ဆေးလူးပေးပြီး
ပိုင့်နံဘေးမှာကပ်ပြီး လှဲချလိုက်တယ်
ပိုင့်ကိုဖက်တော့ အင်း"ဆိုတဲ့
အသံလေးကြားတယ်
ပိုင် နာကျင်နေမှာဘဲ...

ပိုင့်မျက်တောင်လေးတွေ
ပိုင့်နှုတ်ခမ်းလေးတွေ
ပိုင့်ပါးပေါ်က သွေးကြောစိမ်းလေးတွေကအစ
ချစ်ဖို့ကောင်းလိုက်တာ
ပိုင်ကယောကျ်ားပီပီသသကြီးကို
မောင့်အတွက်ချစ်ဖို့ကောင်းတာ
မောင့်အချစ်နဲ့ထိုက်တန်တဲ့
မောင်ချစ်သော
ယောကျ်ားတစ်ယောက်ဖြစ်နေတာ
ဒီယောကျ်ားက မောင့်အတွက်
မောင့်စကားတွေကို
လက်ခံနားလည်ပေးသလို
မောင့်အချစ်တွေကိုအလေးထားတယ်
​မောင့်အတွက် နာကျင်မှု့တွေခါးစည်းခံတဲ့
မောင့်လိုလူအတွက် တန်ဖိုးအရှိဆုံးလူသား

အချစ်လွန် သို့' အချစ်ကျွန် CompletedWhere stories live. Discover now