အချစ်လွန်' သို့ အချစ်ကျွန်' Room 13

567 22 2
                                    

အချစ်လွန် သို့ အချစ်ကျွန် (Extremely Love)

Room 13

!!!
#####
မောင်ဟာ အဲ့ဒီနေ့ရက်နောက်ပိုင်းမှာ
လိုတာထက်ပိုပြီးတိတ်ဆိတ်လာတယ်
ဥပမာ ထမင်းစားတဲ့အခါ ကျနော်စားနေရင်
ဘေးကနေရပ်နေတာမျိုး
ညဘက်အိပ်တဲ့အခါ ကျနော် မအိပ်ခင်အထိ
အလုပ်များချင်ယောင်ဆောင်ပြီး
ကျနော်အိပ်မှ အိပ်ယာထဲ
တိတ်တိတ်လေးဝင်လာတတ်တာမျိုးတွေအစ
မောင့်ရဲ့အပြုအမူတွေက စိုးရွံ့နေခဲ့တယ်

မောင်လို့ခေါ်ရင်လည်း အရင်လို ပိုင်လို့မထူးဘဲ
ဗျာလို့ထူးနေတတ်တာအစ
မောင်ရဲ့ပြောင်းလဲမှု့တွေက သိသာလာတယ်😔

မောင်...""
ကျနော်က ခင်ဗျားဘဝကိုမလုံခြုံစေဘူးလားဗျာ

{}{{{{{{}{}{}{}

တကယ်တမ်းတော့ ဘဝရဲ့ ဖုံးကွယ်မှု့ကို
ကိုယ်ချစ်ရတဲ့သူသိသွားရင်ဆိုတဲ့ အသိက
ဘဝတစ်လျှောက်လုံးကို မလုံခြုံစေခဲ့ဘူး
အဲ့အတွက်ကြောင့်လည်း
ကိုယ်ဟာချစ်ရသူတွေနဲ့အဝေး
ကျေကျေနပ်နပ်နေပေးခဲ့တာပါ
ပိုင့်တစ်ယောက်ကိုတော့ ပိုင်ရေးတဲ့စာလေးကအစ
ပိုင့်ကိုတွေ့သိခဲ့တာအဆုံး
မြတ်မြတ်နိုးနိုး စွဲစွဲလန်းလန်း ချစ်ခဲ့ရသူမို့
ပိုင့်သဘော အလိုကျ ချစ်စိတ်နဲ့
ပိုင့်ဘေးမှာရှိရင်ပြီးရော နေခဲ့ရသူပါ

ခုလိုပိုင့်ဆီမှာ အရာအားလုံးဖွင့်ဟဖို့
သတ္တိမရှိခဲ့သလို တစ်သက်စာလုံးအတွက်လည်း
အချိန်ကာလတစ်ခုရင်းပြီးမှသာ သိစေချင်ခဲ့ပေမယ့်
မထင်မှတ်ဘဲ ပိုင့်ကိုဖွင့်ပြောရချိန်မှာ
တကယ့်ကို သေးငယ်တဲ့သဲပွင့်လေးလို
နှင်းမှုန်လေးလို ပျောက်ကွယ်ချင်လိုက်မိတာပါဘဲ
ပိုင်တစ်ယောက်လေ မောင့်ကိုဘယ်လောက်ထိ
အထင်သေးလိုက်မလဲ
မိသားစုကတောင်ပစ်ပယ်တဲ့အထိ
ကျူးလွန်ထားတဲ့ အပြစ်တွေနဲ့ မောင့်ကို
ပိုင် အထင်သေးမှာသေချာတာပေါ့

စိတ်မှာအရိပ်လိုဘဲ အရာအားလုံးက
မောင့်အတိတ်​တွေပါ ပိုင်
ဘယ်လိုမှဖျောက်ဖျက်မရတဲ့ အတိတ်တွေရယ်ပါ

မောင်လေ အလုပ်တွေကြိုးစားပြီးလုပ်ခဲ့တာ
မောင့်အတိတ်ကရုန်းထွက်ချင်လို့ မေ့ပစ်ချင်လို့
ဒါပေမယ့် တကယ်တမ်းကျ မောင်
အဲ့ဒီ့အတိတ်ကိုရင်မဆိုင်ရဲဘူး

အချစ်လွန် သို့' အချစ်ကျွန် CompletedWhere stories live. Discover now