အချစ်လွန်သို့အချစ်ကျွန် Room21

403 19 4
                                    

အချစ်လွန် သို့ အချစ်ကျွန် (Extremely Love)

Room21

"မောင် ဘာဖြစ်ရပြန်တာလဲ အဲ့ဒါဘာတွေလဲ
ခင်ဗျားဟာလေ ဘာတွေလျှောက်လုပ်ပြန်တာလဲ
နေလည်းသေချာကောင်းသေးတာမဟုတ်ဘဲနဲ့"

"ပိုင့်ကို အရက်တိုက်မလို့
ပိုင်တစ်ခါကပြောတယ်မလား
ထန်းရည်မူးရင် ကျွဲခိုးပေါ်သတဲ့လေ
အခု ပိုင်နဲ့ စစ်ရန်မှူးတို့လုပ်ထားတဲ့
အပေးအယူကဘာလဲဆိုတာ
မောင် သိပ်သိချင်တယ် ပိုင်"

"ဘာကိုသိချင်တာလဲ မောင်
ကျ​ေနာ်ဘာမှမလုပ်ထားဘူး မောင်"

"မောင် မယုံဘူး ပိုင်
ပိုင် မောင့်ကိုမချစ်ပေမယ့်
အဲ့လောက်လွယ်လွယ်တခြားသူတစ်ယောက်နဲ့
နီးစပ်စေမယ်လို့မောင်မထင်ဘူး"
<><><><><><><><><><><><><><>

မောင်တစ်ယောက် သတိရလာကတည်းက
တောက်လျှောက် မယုံသက်ာနဲ့
မောင့်ကိုဘာကြောင့်ဆိုတာ
အသေးစိတ်ပြန်ပြောဖိုလည်း ခဲယဥ်းတယ်
မောင့်စိတ်ကိုထပ်မနာစေချင်ဘူး
ဖြစ်နိုင်ရင် အဲ့အပိုင်းလေးကို
လက်ရှိ မောင်သတိမရသလို
တစ်သက်လုံးသတိမရစေချင်ဘူး မောင်

"ပိုင်မသောက်ဘူးဆိုတာ
မောင့်ကို မချစ်လို့မသောက်တာလို့ယူဆတယ်"

"ခင်ဗျားကို ကျတော်ချစ်တယ်ပြောဘူးလား မောင်"

"မပြောဘူးပါဘူး
ဘယ်တော့မှလည်း ပိုင့်ဆီကချစ်တယ်ဆိုတာ
ကြားရဖို့ မောင်မမျှော်လင့်ပါဘူး
မောင်က အက်ကွဲကြောင်းတွေနဲ့လူလေ"

¡ပိုင်ရှေ့က အရက်ခွက်ကို
ယူပြီးမော့ချလိုက်တယ်
"ရတယ်လေ ပိုင်မသောက်နဲ့
မောင့်ဘာသာသောက်မယ်
ပိုင်ထွက်သွားပေး"

"မောင် ခင်ဗျား ဘာဖြစ်နေတာလဲ
ကျတော်လည်းမသောက်ဘူး
ခင်ဗျားလည်းမသောက်ရဘူး
ခုချက်ချင်း ထစမ်း
ခင်ဗျား နေမကောင်းလို့ ကြည့်နေတာကို
အခွင့်ကောင်းမယူစမ်းနဲ့ နားလည်လား မောင်"

"နားမလည်ဘူး ပိုင်
​မောင် ​နေကောင်းတယ် အကုန်ကောင်းတယ် ပိုင်
ပိုင်အခုဘာလုပ်ချင်လဲ
Loeချင်ရင်တောင်ရတယ် သိလား"

အချစ်လွန် သို့' အချစ်ကျွန် CompletedWhere stories live. Discover now