အချစ်လွန် သို့ အချစ်ကျွန် Room14

523 21 2
                                    

အချစ်လွန် သို့ အချစ်ကျွန် (Extremely Love)

Room 14
********

"ကဲ မျက်နှာသစ်လိုက်ဦး မောင်
ပြီးရင် ရေချိုးပြီး အကျီလဲလိုက်တော့
ပွဲချိန်နောက်ကျနေဦးမယ် ခင်ဗျား... "

"မသစ်ဘူး မချိုးဘူး"

"မောင် ခင်ဗျား ကလေးဘဲမဟုတ်ဘဲနဲ့
ဘာတွေဖြစ်နေတာလဲ
ပြီးမှ နောက်ကျတယ်ဘာညာမပြောနဲ့နော်"

!!!!!
အခုထိ ပိုင် လိုက်မှာလား မလိုက်ဘူးလားဆိုတဲ့
မေးခွန်းကိုမေးဖို့စိုးရွံနေမိတယ်
ပိုင်ရှိနေခဲ့ရင် ပိုပြီးအားတက်မိမှာ မှန်ပေမယ့်
ပိုင်ရှိတယ်ဆိုတဲ့စိတ်နဲ့နွေးထွေးချင်ပေမယ့်...
ပွဲတစ်ခုကို ပိုင်နဲ့အတူတက်ဖို့အထိ
အခုချိန်မှာ မောင့်အတွက်ဖြစ်နိုင်ပါ့မလား
ပိုင့်ဆီက ငြင်းဆိုမှု့ကို မောင်ခံနိုင်ရည်ရှိပါ့မလား
!!!!!

"မောင် ခင်ဗျား ဘာတွေတွေးနေတာလဲ
ပြောလေ ဘာမေးချင်တာလဲ"

"ပိုင်နဲ့အတူရှိချင်လို့"

"အင်း ရှိမှာလေ ကျနော်က
ဘယ်သွားမယ်ပြောနေလို့လဲ"

"ဟို ပိုင်ဒီနေ့ သွားစရာမရှိဘူးလား"

"အင်း မရှိပါဘူး ဘာလို့မေးနေလဲ "

"မောင် ဘာဖြစ်နေတာလဲ ခင်ဗျား"
"ဘာမှမဟုတ်ပါဘူး ပိုင်
မောင့်ကိုလိုက်ပို့ပေးမယ်မလား"

"အင်း ပို့ပေးမှာလေ သွား ရေချိုးတော့
ဘာလဲ ကျနော်ချိုးပေးရမှာလား"

"အာ ပိုင်ကလည်း မောင့်ဘာသာချိုးမှာပါ"

ရေပန်းတွေအောက်က မျက်ရည်စက်တွေက
ရှက်ရွံလို့လား ဝမ်းနည်းလို့လားမသိ
ပိုင့်ကို ချစ်တာတစ်ခုဘဲရှိတာမို့
အားတင်းထားမိတယ်!!!!

ရေချိုးပြီး ထွက်လာတော့

"ကြာလိုက်တာ ခင်ဗျား ရေချိုးတာကလည်း"

!!!
သုတ်လက်စတဘက်ကြီး ခန္ဓာကိုယ်ပေါ်က
လျှောကျသွားတာ​တောင် သတိမထားမိတော့ဘူး
!!!!

"မောင် ဘာဖြစ်တာလဲ
မောင် ခင်ဗျား ဘာဖြစ်နေတာလဲ"

မတ်တပ်ကြီးမေ့သွားရတာ
မျက်စိရှေ့ကနတ်သားကြောင့်ပါ
အဖြူရောင် ဝတ်စုံပြည့်နဲ့
စမတ်ကျလွန်းနေသည့် ပိုင်က
လူသားစစ်စစ်မှဟုတ်ပါရဲ့လား

အချစ်လွန် သို့' အချစ်ကျွန် CompletedWhere stories live. Discover now