အချစ်လွန် သို့ အချစ်ကျွန် Room15

468 13 2
                                    

အချစ်လွန် သို့ အချစ်ကျွန် (Extremely Love)

Room15
********

"မောင် သွားကြမယ်လေ
အထဲဝင်ကြစို့
လူကြီးတွေကိုနှုတ်ဆက်ရဦးမယ်မလား"
မောင်က တိုးတိတ်စွာ ခေါင်းငြိမ့်တယ်
>>>>>>
မောင်ဟာ အရမ်းတိတ်ဆိတ်လွန်းသွားသလို
မမျှော်လင့်ထားတာတွေအတွက်
ခံနိုင်ရည်မရှိဘူးထင်ပါရဲ့
<<<>><<

"ကျနော် မောင့်ဘေးမှာရှိနေမယ်နော်"
မောင်က မရဲတရဲလေးခေါင်းငြိမ့်တယ်
မောင်က အတော်ဆုံးဘဲ...

Hallထဲကိုခြေလှမ်းလိုက်တဲ့ မောင်ခြေလှမ်းတွေ
ရပ်တန့်သွားတယ်ဆိုရင်ဘဲ
မောင်..."
ကျနော့်ခေါ်သံကို မောင်ကြားဟန်မတူပါဘူး

ခွပ်...
ရုတ်တရက် အထိုးခံလိုက်ရတဲ့ကျနော်က
မောင့်နှုတ်ခမ်းက ထွက်ကျလာတဲ့
ခေါ်သံကြောင့် ပိုပြီး အံသြရပါတယ်
မောင့်ဆီက ကျနော့်ကိုထိုးတဲ့သူကို
ခေါ်လိုက်တာ "ဖေဖေ" တဲ့

လူအုပ်က ပြဇာတ်တစ်ခုလိုကြည့်နေကြတယ်
မောင်ရယ် မောင့် ဖေဖေရယ် ကျနော်ရယ်ကိုပေါ့

မောင့်ဖေဖေဆိုတဲ့သူက

မင်းက ဘာလဲ ဘယ်သူလဲ
ငါ့သားဘေးမှာ ဘာလို့ရှိနေရတာလဲ
မောင့်ဖေဖေက ကျနော့် အကျီကို
ဆွဲပီးထပ်ထိုးပြန်တယ်

ပါတီထဲမှာရုတ်ရုတ်သဲသဲနဲ့
အနေအထားတွေကမြန်ဆန်လွန်းနေပါတယ်
ဆွဲဖို့နေနေသာသာ ကြည့်ရှု့သူသာဝိုင်းလည်လို့

မောင့်ကိုကြည့်တော့ တုန်တုန်လှုပ်လှုပ်နဲ့
ကျနော့်အကျီစကို ဆွဲကိုင်ထားတဲ့
မောင့်ဖေဖေလက်တွေကို ဖယ်ရှားနေလေရဲ့

"ဇေဝါမောင် မင်းဘာတွေထပ်လုပ်နေပြန်တာလဲ
တစ်ခါအရှက်ခွဲရုံနဲ့ .ငါတို့မိသားစုကို
ဒုက္ခ ပေးဖို့မလုံလောက်သေးလို့လား ဟမ်"

"ဇေဝါမောင် မင်းလက်ဖယ်စမ်း
မင်း အသိအဲ့လာက်မဲ့နေတာလား"

တကယ်တမ်း ကျနော့်အမြင်
အသိမဲ့နေတာ မောင့်ဖေဖေဆိုသူပါ
တကယ်ဆို ဒီလိုပွဲတစ်ခုမှာ
ကိုယ့်သားအရှက်ကို
ကိုယ်တိုင်ခွဲချပစ်ဖို့အထိလိုအပ်လို့လား
ဒုက္ခဆိုတာ ဘယ်သူဖန်တီးနေခဲ့တာပါလဲ

အချစ်လွန် သို့' အချစ်ကျွန် CompletedWhere stories live. Discover now