အချစ်လွန် သို့ အချစ်ကျွန် Room9

778 24 6
                                    

အချစ် လွန်'  သို့ အချစ် ကျွန်'(Extremely Love)

Room 9
****

မင်းခ ဖုန်းထဲက ဓါတ်ပုံ​တွေ​ကြောင့်
စစ်ရန်မှူးမျက်နှာ​ပေါ်မှာ အပြုံး​တွေ​ဝေဆာသွားတယ်
ရန်ရန်က​​လေ ပြုံးလိုက်ရင် သွားစွယ်​လေး​တွေနဲ့
ထက်ထက်မြတ်မြတ်ကို
ချစ်ဖို့​ကောင်းတဲ့​ကောင်​လေး
ခ နဲ့ ရန်ရန်က ၅နှစ်​လောက်ကွာ​ပေမယ့်
သူငယ်ချင်း​တွေလိုဘဲ
ခ' အမတစ်၀မ်းကွဲက​မွေးတဲ့သား​လေး
တူတစ်၀မ်းကွဲ​လေး​ပေမယ့်
ငယ်ငယ်ကတည်းက
အရိပ်တကြည့်ကြည့်ချစ်ခဲ့ရတဲ့ ဒီက​​လေး
မိတဆိုး​လေးမို့ ခ' လက်​ပေါ်မှာ
က​လေး​ပျော်သ​လောက်ဆိုး​စေခဲ့ပြီး
ချစ်ခဲ့ရတဲ့က​လေး
ရွယ်တူလို သူငယ်ချင်းလို အ​မေလို ဦး​လေးလို
အုပ်မိုး ဆက်ဆံပြီး ​ပျော်​စေခဲ့ရတဲ့က​လေး
ရန်ရန် ​ပျော်ဖို့အတွက်ဆို
ခ ဘာဘဲလုပ်​ပေး​ရပ​စေ
ရန်ရန့်အပြုံးတစ်ချက်က
ခအတွက်အရာအားလုံးပြည့်စုံ​နေစေတယ်

တစ်​လောကလုံးအမှားလို့ယူဆရင်​တောင်
ရန်ရန်ကအမှန်လို့​ပြောရင်
ခ' ​ခေါင်းငြိမ့်ပြီးမှန်ပြီသားသား
အတ္တလို့ယူဆရင်​တောင် ခ' ​ကျေနပ်တယ်
》》《》》》●●●《《《》《《

‘’​မောင် ခင်ဗျားမျက်နှာကစပ်ဖြီးဖြီးနဲ့
ဘာဖြစ်​နေတာလဲ
ဆရာ၀န်​ရှေ့​ရော အကျီဆိုင်မှာ​ရော ရုံးမှာ​ရော
Meetingမှာ​ရော အဲ့လိုဘဲလား‘’

!!!***
တကယ်​တော့ ​မောင် ဒီ​နေ့ အူမြူး​နေတာ ပိုင့်​ကြောင့်
ပိုင့်ဆီက အချစ်မရရင်​တောင်
ဂရုစိုက်မှု့ရတဲ့အတွက်
​မောင်​ပျော်တာ ​ပျော်​နေတာ အရမ်း
​မောင်​လေ ပိုင့်ကိုအရမ်းချစ်တာ!!!***

‘’ပိုင် ​မောင် အိမ်မပြန်ချင်​သေးဘူး‘’

“”စလာပြန်ပြီ ဇာတ်လမ်း မပြန်ရင်
လမ်း​ဘေးမှာအိပ်မလို့လား ခင်ဗျားက‘’

‘’ပိုင်ကလည်း“”

‘’​အေး​လေ ​​မောင့် ခြေ​ထောက်မှာလည်း
ပတ်တီးကြီးနဲ့
တစ်​နေ့လုံးလည်းပင်ပန်းထားတာကို အနားမယူဘဲ
​မောင်က ဘာလုပ်ချင်​သေးတာလဲ‘’

ပိုင်...‘’
“”တစ်​နေကုန်က​လေ ​မောင့်​ဘေးမှာ ပိုင်ရှိ​နေလို့
​မောင် လုံး၀မပင်ပန်းဘူး ​‘’
‘’ပြီး​​တော့​လေ ဒီည cruiseထွက်မယ်တဲ့
River party​လေးသွားချင်တာ
ပိုင်နဲ့အတူတူ ​လေတဖြူးဖြူးနဲ့
ဝိုင်​လေးတစ်ခွက်​လောက်ဖြစ်ဖြစ်
ပိုင့်မျက်နှာ​လေးကိုကြည့်ပြီး ​သောက်ချင်တာ‘’

အချစ်လွန် သို့' အချစ်ကျွန် CompletedWhere stories live. Discover now