အချစ်လွန်သို့အချစ်ကျွန် Room 19

430 13 6
                                    

အချစ်လွန် သို့ အချစ်ကျွန် (Extremely Love)

Room19

တကယ်တမ်း မောင့်အခြေအနေက
ဆရာဝန်မှတ်ချက်တွေထက်ပိုဆိုးခဲ့ပါတယ်
မောင်ဟာ ကိုမာအဆင့်ရောဂါကို
ခံစားရသူတစ်ယောက်အဖြစ်
ဘဝကို ဖြတ်သန်းရတော့မယ်လို့ သိချိန်

မောင့်ကိုမကာကွယ်နိုင်ခဲ့တဲ့
မောင့်စိတ်ကို လုံခြုံစိတ်ချမှု့မပေးနိုင်တဲ့
ကျနော့်ကိုကျနော် စိတ်ပျက်မိတယ်
ကျနော်ဟာ မောင့်ကို အပြစ်တွေအတွက်
ရပ်တည်ဖို့ ခိုင်းစေပြီး
အပြစ်တွေအတွက် ပေးဆပ်ဖို့သက်သက်
ရှင်သန်ခိုင်းသူတစ်ယောက်လို့
ကျနော့်ကိုကျနော် ခံစားရတယ်
တကယ်က မောင့်ကို ဘဝကျကျ
ဖြေရှင်းဖို့ ရပ်တည်နိုင်ဖို့
မောင့်ဘဝရဲ့ အတိတ်တွေ အနာဂတ်တွေကို
ချစ်တတ်ဖို့ ကျနော်ကြိုးစားခဲ့ရမှာမလား
>>>>>♥♥<<<<<<<

မောင်သက်တောင့်သက်သာရှိနေစေဖို့
ကျနော့်Condoကို လိုအပ်တဲ့ဆေးပစ္စည်းအစုံအလင်နဲ့
mini hospitalတစ်ခု အဖြစ်ဖွဲ့စည်းလိုက်တယ်

Coma:
People in a state of coma are alive but are unable to move or be aware of or respond to their surroundings. They lose their thinking abilities but retain non-cognitive function and normal sleep patterns. A person may appear fine, but will not able to speak or respond to commands.(source @google)

မောင်က အသက်ရှူကိရိယာ
အကူလေးဖယ်လိုက်ရင်
ကျနော့်နားမှာမရှိနိုင်တော့ဘူးဆိုတဲ့အချက်က
ကျနော့်ကို ပိုပြီး အသက်ရှူကြပ်စေပါတယ်
မောင့်အတွက် အရာအားလုံး ကောင်းမွန်ပြီး
အကောင်းဆုံးဆိုတာတွေ ဖြစ်စေရမယ်
ကျနော် ကတိပေးတယ် မောင်
မောင် ကျနော့်ကြောင့် ထပ်ပြီး မနာကျင်စေရဘူး
ကျနော့်ကြောင့်..
ဆိုတဲ့အခါ မျက်ရည်ကျမိသေးတယ်
မောင် အသက်ရှည်နေပြီး ကျန်းမာနေရင်
ကျနော့်အတွက် ဘုရားပေးတဲ့ ဆုပါဘဲ

*****************************
အလုပ်ခန်းရော ကျနော့်အိပ်ယာရောက
မောင့်လူနာခန်းမှာပါဘဲ
စနစ်ကျတဲ့ security systemတွေနဲ့
smart roomကိုပြင်ဆင်ပြီး
မောင့်ကိုစောင့်ရှောက်ခဲ့တယ်

မောင့်လက်ကလေးကိုကိုင်ပြီး😍
စကားပြောရတာ အိပ်ရတာ😍
မောင့်ကို သန့်ရှင်းရေးလုပ်ပေးရတာတွေက
ကျနော့်ရဲ့ နေ့တဓူဝကိစ္စတွေဖြစ်လာပေမယ့်
မောင် ကျနော့်ဘေးမှာရှိနေရင်ကို
ကျနော်ပျော်တတ်နေပြီ ကျေနပ်နေပြီ

အချစ်လွန် သို့' အချစ်ကျွန် CompletedWhere stories live. Discover now