အချစ်လွန် သို့ အချစ်ကျွန် Room18

473 17 4
                                    

အချစ်လွန် သို့ အချစ်ကျွန် (Extremely Love)

Room 18
*********

ဒီလူသားနှစ်ယောက်ရဲ့အချစ်ကိုကြည့်ရတာ
အေးချမ်းလိုက်တာ
အပိုအလိုမရှိသလိုပါဘဲ
တကယ်တော့ ဘဝရဲ့ ရန်သူ
အမြဲတမ်းအနိုင်ယူဖို့ ကြိုးစားခဲ့တဲ့လူကို
ဒီလို ကူညီပေးမိမယ်လို့တစ်ခါမှ မတွေးမိခဲ့ဘူး

"ကိုစစ်ရန် လူနာတွေအတွက်လိုအပ်တာတွေ
အားလုံး ဆောင်ရွက်ပေးခဲ့ပါပြီ
တခြား ဘာများလုပ်ပေးဖို့လိုလဲ"

"ရပါတယ် ကျနော့်ဘက်က
ဘာများလုပ်ပေးဖို့လိုမလဲ"

"ဒေါက်တာကြီးက
စကားပြောချင်တယ်ပြောပါတယ်"

"စာကြည့်ခန်းထဲ ခေါ်ခဲ့ပေးပါ"

"ဟုတ်ကဲ့ ကိုစစ်ရန်"

"ဒေါက်တာ လူနာတွေအတွက်
ဘာတွေထပ်လိုအပ်မလဲ
ကျနော့်ကိုပြောပေးပါခင်ဗျာ
ပြီးတော့ အခြေအနေလေးလည်းသိပါရစေ"

"Patient ကောင်းလင်းပိုင်က
သိပ်မကြာခင်သတိရလာပါလိမ့်မယ်
ထိခိုက်ဒဏ်ရာဆိုတော့ နာကျင်မှု့ကြောင့်
ခဏတာ မှိန်းနေတာပိုအဆင်ပြေပါတယ်

Patient ဇေဝါမောင်အတွက်က
special nurseထားပေးခဲ့ပါတယ်
လူနာက ကံကောင်းထောက်မလို့ မသေခဲ့ပေမယ့်
အကျိုးဆက် ဆိုးကျိုးအနေနဲ့
ဦးနှောက်အတွင်းoxygenပြတ်ခဲ့တာကြောင့်
အတိုင်းအတာတစ်ခုအထိ
လေဖြတ်သလိုဖြစ်နိုင်ပြီး
စကားလည်းပြောနိုင်မယ်မထင်ဘူး"

"ဗျာ အဲ့လောက်ထိလား ဒေါက်တာ"

"မသေခဲ့တာ ကံကောင်းတာပါ ကိုစစ်ရန်"

"ဘယ်ချိန်ဆို ပုံမှန် ပြန်ဖြစ်နိုင်မလဲဒေါက်တာ"

"မှန်းလို့တော့မရဘူးပေါ့ဗျာ
နေ့စဥ်recordကြည့်ရမယ်
ပြီးတော့ မြန်မြန်ကောင်းပါစေ
ကံကောင်းပါစေလို့
ဆုတောင်းနေရမှာပေါ့ဗျာ"
^^^^^^^^^^^^^^^^^

ဇဝါမောင့်ဆီပြန်မယ်ဆိုတဲ့ လူတစ်ယောက်ကို
ဘာတွေစိတ်မချနိုင်ဖြစ်ပြီး
ငါက လိုက်ကြည့်နေရမှာလဲ

ဒီကိစ္စက မင်းခကြောင့်လည်းပါတော့
ငါပေးဆပ်ဖို့သင့်ပါတယ်
လိုက်ကြည့်တာပေါ့
တစ်ယောက်တည်း ဗျာများပြီး
လိုက်ကြည့်မိတော့
individual residence အနေနဲ့ဆိုတော့
စိတ်ချလုံခြုံသလိုပါဘဲ

အချစ်လွန် သို့' အချစ်ကျွန် CompletedWhere stories live. Discover now