I

1.2K 84 47
                                    

"အိုက်မာ!!ခွေးကောင် မင်းနဲ့ ပြတ်ပြီကွ!ပြတ်ပြီ"

"အဲ့မှာ အသံနာတဲ့အထိ ဆက်အော်နေလိုက်တော့!﹒﹒ကိုကိုအော်မှာ သိလို့ ဒီမှာ﹒﹒ရေဘူးတောင် ယူလာခဲ့တယ် ဆက်အော်!"

တစ်ဦးတည်းသောသားအဖြစ် မွေးဖွားလာပြီး Cheerleaderအဖြစ် လုံးလုံးလျားလျားဘဝ ကူးပြောင်းသွားတာ Build Jakapanပြီးရင် ငါပဲ ရှိလိမ့်မယ် ထင်တယ်။ ဘဝလေးက သိပ်မဆိုးရှာပါဘူး တွေးနေတာ။ အခုပဲကြည့်!စပို့တင်းအရမ်းကောင်းတဲ့ ရည်းစားနဲ့ တွေ့တော့မှ နေ့တိုင်းနီးပါး အသံနာတဲ့အထိ အော်နေရတော့တာပဲ။

ငါ့ဘဝ ဘာလို့ အလကားနေအလကား ဆေးကျောင်းသားဘဝက Cheerleaderဖြစ်သွားရလဲသိလား။ ဒီမှာနားထောင် ပြောပြချင်လွန်းလို့!

ရင်ထဲ ပြောချင်တဲ့ စကားတွေ ပြည့်နှက်နေလွန်းလို့ လုပ်နေသမျှ ရပ်ပြီး ငါ့ကို ခဏလောက် အာရုံစိုက်ထားကြဟုတ်ပြီလား။

အင်း!ပြောချင်တာတွေ လည်ချောင်းဝမှာ တန်းစီထားလိုက်ပြီး ငါ့ကိုအခုလို ဖြစ်အောင် လုပ်ခဲ့တဲ့ ခွေးကောင်!တစ်နည်းအားဖြင့် ငါ့ရည်းစားကို အရင်လက်အုပ်ချီထားလိုက်တယ်။ ဘာလို့လဲ မမေးနဲ့ဦး။ ငါပြောပြမယ်။ ဒီလို﹒﹒

မယ့်ပေးထားတဲ့ ငါ့နာမည်က Build Jakapan Putthaတဲ့။ ငါ့ကို သူကတော့ ငယ်ငယ်ကတည်းက ကိုကို ကိုကိုနဲ့ တဆာဆာခေါ်ပြီး တက်စား﹒﹒အဲလေ ငါ့အိမ်လာလာပြီး မုန့်တောင်းစားတတ်တယ်။

ခွေးစုတ်လေး!ငါ့မှာတော့ ချစ်မွှေးပါလို့ ပါစားပေးလိုက်ရတာ။ အဲ့တုန်းက ငါ့အသက် 7နှစ်ပဲရှိဦးမယ်။ သူကတော့ အသက်ငါးနှစ်ပြည့်ခါနီး လေးနှစ်သားပေါက်စနလေးပေါ့။ မျက်လုံးဖောင်းဖောင်းလေးတွေနဲ့ ပါးဖောင်းဖောင်းအိအိကြီးတွေပါလို့ ငါ့ကို ကိုကိုလို့ တစ်ခါခေါ်တိုင်း ဗိုက်ထဲ လိပ်ပြာတွေ ပျံနေဝဲနေလိုက်ရတာ။

ငါတောင် တစ်ဦးတည်းသော သားလေးမို့ အရမ်းဆိုးတယ်နော်မလုပ်လိုက်ရဘူး။ ဘေးအိမ်ကို ပြောင်းလာတဲ့ တစ်ကောင်တည်းသော ခွေးလေးက ငါ့ကို နိုင်စားသွားတာလေ။ သူနဲ့ စတွေ့တဲ့နေ့တုန်းက တကယ်အငြိမ်သားလေး၊ ပြောင်းလာခါစမို့ မြင်မြင်ရာကို မျက်လုံးပြူးပြူးလေးတွေနဲ့ လိုက်ကြည့်နေတာက လမ်းပျောက်လာတဲ့ ခွေးပေါက်စလေးလိုပဲ။ ငါပြောရင် မင်းတို့ ယုံမှာတောင်မဟုတ်ဘူး။

〝Ai Hma〞Hikayelerin yaşadığı yer. Şimdi keşfedin