ဇာတ်လမ်းအကျဥ်း

6.1K 142 1
                                    


ဇာတ်လမ်းအကျဥ်း

ထိုက်နွယ်က ရန်ကုန်ကသူ့ရဲ့အလုပ်ကိုထွက်ပြီး မွေးရပ်မြေမြို့လေးကိုပြန်လာခဲ့တယ်။အိမ်ကိုရောက်လို့ ဆိုက်ကားပေါ်ကဆင်းဆင်းချင်းပဲ သူစီးလာတဲ့ဆိုက်ကားသမားကသူ့ညီမအကြောင်းမေးလို့ သူ့ကြီးကြီးနဲ့ပြဿနာတက်ပါရောလား။

နောက်ကျ သူ့ညီမကိုကြိုက်တယ်လို့သူထင်နေတဲ့ကောင်က သူ့ကိုကြိုက်နေပါသတဲ့လေ...။နွယ်လို့အဖျားဆွတ်ခေါ်ပြီး သူ့နားအတင်းကပ်နေတော့တာပဲ။

ဇာတ်ကောင်မိတ်ဆက်

ပိုင်စိုး

ပေါက်ကရအကြံဉာဏ်ကိုအားတိုင်းထုတ်နေပြီး သူထင်ရာသူလုပ်၊သူလုပ်ရာအမှန်ဖြစ်အောင် စကားကပ်သပ်ပြောတတ်သူ။

ထိုက်နွယ်

အနေတည်ပြီးရွယ်တူချင်းကတောင်ရှိန်ရလောက်တဲ့အရှိန်အဝါရှိ၊ရပ်ကွက်ထဲက အဖိုးတန်ကောင်လေးဖြစ်ပေမဲ့ တစ်စုံတစ်ယောက်နဲ့တွေ့ပြီးမှ ပေါက်ကရရန်ပွဲ၊မိန်းမခိုးပွဲတွေမှာ အဓိကဇာတ်ဆောင်အဖြစ် ပါဝင်ဆင်နွှဲသူအဖြစ်ပြောင်းလဲသွားသူ။

[ပြဇာတ်ငယ်...

ပိုင်စိုး-"ထိုက်နွယ်လို့နာမည်အရှည်ခေါ်တာမကြိုက်ဘူးမလား  ... 'နွယ်' လို့တစ်လုံးတည်းခေါ်မယ်လေ"

ထိုက်နွယ်-"ခေါ်လေ..မင်းပဲခေါ်မလား ငါပဲထိုးမလား ကြည့်တာပေါ့"

ပိုင်စိုး-"ထိုးပါ...နှုတ်ခမ်းနဲ့ဖြစ်ဖြစ်၊နှာခေါင်းနဲ့ဖြစ်ဖြစ်ကြိုက်သလောက်သာထိုး...နွယ့်သဘော"

ထိုက်နွယ်-". . . ."   ]

စာရေးသူမှာပြောစရာရှိပါတယ်။

ဒီFictionလေးက ၁၉၈၀ ဝန်းကျင်ကိုအခြေခံထားတဲ့အချစ်ဟာသFictionလေးဖြစ်ပါတယ်။ဝါးလုံးကွဲ မရယ်ရရင်တောင် ပြုံးစိစိနဲ့မြုံးမိသလိုဖြစ်စေဖို့ ရည်ရွယ်ပါတယ်။

                       ______________


ဇာတ်လမ်းအကျဉ်း



ဇာတ်ကောင်မိတ်ဆက်

ပိုင်စိုး


ထိုက်နွယ်


[ပြဇာတ်ငယ်...




ထိုက်နွယ်-". . . ."   ]



                       ______________








နားနဲ့မနာ၊ဖဝါးနဲ့မနာ...နှလုံးသားနဲ့နာတော်မူပါ...(ongoing)Where stories live. Discover now