အပိုင်း(၂၁)
ဘယ်သူလဲဟင်..!!ပိုင်စိုးမှာအားကိုးတကြီးကိုင်လိုက်မိတဲ့လက်ကို ကြောက်အားလန့်အားနဲ့ပြန်လွှတ်လိုက်မိတယ်။သူကိုင်လိုက်တဲ့လက်က အေးစက်လွန်းနေပြီး တောင့်တင်းနေတာကလဲ နှိုင်းယှဥ်စရာတောင်မရှိဘူး။သူကိုင်လိုက်တာက နွယ့်လက်မှဟုတ်ရဲ့လား...မခင်ငြိမ်းရဲ့လက်ကြီးများလား။ပိုင်စိုးတံတွေးကိုမျိုချလိုက်ပြီး မသိမသာလေးအောက်ကို ငုံ့ကြည့်လိုက်ပြီး ထပ်ကိုင်လိုက်တော့...
ချီး!တကယ်နွယ့်လက်ပဲ။ဘာလိို့ဒီလောက်တောင်အေးစက်နေရတာလဲ။သရဲများဝင်ပူးနေလား။ပိုင်စိုး ကိုင်ထားတဲ့လက်ကိုယောင်ယောင်ကန်းကန်းထပ်လွှတ်လိုက်မိပြန်တယ်။ပြီးတော့ နွယ့်လက်ပဲလေဆိုပြီး ပြန်ကိုင်တယ်၊အေးတိအေးစက်တောင့်တောင့်ကြီးကိုကြောက်ပြီး ပြန်လွှတ်လိုက်ပြန်တယ်။
သူဘာလုပ်ရမလဲ...ကိုင်ထားရမလား၊လွှတ်လိုက်ရမလား။
သူ့အတွေးတွေပလုံစီထနေတုန်း ထိုက်နွယ်က သူ့လက်ကိုပြန်ဆွဲယူရင်းခပ်တောင့်တောင့်အသံနဲ့ပြောလာတယ်။
"ဘာလို့ငါ့လက်ကိုလွှတ်လိုက်တာလဲ...""နွယ်...နွယ်လား"
ပိုင်စိုးတုန်တုန်ရီရီနဲ့မေးလိုက်တော့ ထိုက်နွယ်ရဲ့ခေါင်းကဖြေးဖြေးချင်းလှည့်လာပြီး တစ်လုံးချင်းပြောတယ်။
"ဘယ်သူလို့ထင်လို့လဲ...""ဟင်...ဘုရားသိကြား!ဘယ်သူမို့လို့လဲဟင်"
"ငါ!"
"ငါ...!!ငါကဘယ်သူလဲဟင်"
မေးသာမေးရတယ်...မခင်ငြိမ်းကြီးပဲနေမှာပါ။မခင်ငြိမ်းကနွယ့်ကိုဝင်ပူးနေတာပဲနေမှာ။ပိုင်စိုးမှာမေးနေရင်း ဒူးတွေတောင်တုန်လာသလိုခံစားနေရတယ်။မခင်ငြိမ်းအခြောက်ကြမ်းနေတယ်ဆိုတာ သူလက်ခံလိုက်ပြီ။သောင်းကျန်းချက်က သူတို့တွေစရောက်လာကတည်းက ထိုင်တောင်မထိုင်ရသေးဘူး။ယဥ်ယဥ်တစ်ယောက်ဟာလဲ ကြောက်လွန်းလို့ သူ့အစ်ကိုဘေးကနေပြေးပြီး ကိုတိုးကြီးတို့ဘေးမှာသွားထိုင်နေတော့တယ်။တော်တော်အားကိုးရတဲ့ဟာလေး။သူသာ မတ်တပ်ရပ်ကြီးနဲ့လက်ကြီးအဆွဲခံရပြီး ကို့ရို့ကားယားကြီး။
YOU ARE READING
နားနဲ့မနာ၊ဖဝါးနဲ့မနာ...နှလုံးသားနဲ့နာတော်မူပါ...(ongoing)
Romanceသို့/ နွယ်ရေ...နားနဲ့မနာ ဖဝါးနဲ့မနာ..နှလုံးသားနဲ့သာနာတော်မူပါ။နွယ့်အပေါ်ကို တဏှာတစ်ဖက် သဒ္ဒါတစ်ဖက် နဲ့လှေနံနှစ်ဖက်နင်းမိပါပြီ။နွယ့်အပေါ်ကို ချစ်ကြိုက်တာအပြင် မြတ်နိုးတာပါဆင့်နေမိပြီမို့ အခုရည်းစားစာခေါ် ပိယပဏ္ဏကို ရေးလိုက်ရပါတယ်။