အပိုင်း(၁၈)ဘာမှမဖြစ်ဘူး...ရန်ဖြစ်ရင်ဒါ့ထက်ဆိုးတာပဲ

145 4 0
                                    

အပိုင်း(၁၈)
ဘာမှမဖြစ်ဘူး...ရန်ဖြစ်ရင်ဒါ့ထက်ဆိုးတာပဲ

အတွေ့အကြုံမရှိတဲ့ အနမ်းကဘယ်လိုပဲပြောပြော ကချော်ကချွတ်နိုင်လှတယ်။

သူတို့ခါတိုင်းနမ်းတာက ကလေးတွေလိုပဲ။ပါးလေးနမ်းလိုက်၊နဖူးလေးနမ်းလိုက်၊နှာခေါင်းထိပ်လေးကိုနမ်းလိုက်နဲ့။နောက်ဆုံးတစ်ခေါက် ပိုင်စိုးဖျားနေတုန်းကပဲ နှုတ်ခမ်းချင်းဖိကပ်နမ်းမိပြီး နောက်ပိုင်းတွေကျ ဒီတိုင်းပဲ ဖာသိဖာသာပြန်ဖြစ်သွားပြန်ရော။

အခုကျရာသီဥတုရဲ့စေ့ဆော်မှုရယ်၊နေရာဒေသရဲ့အားပေးအားမြှောက်ပြုမှုရယ်နဲ့ အချင်းချင်းရဲ့ရင်ခုန်သံတွေကြားထဲမှာ သူတို့တောင့်မခံနိုင်ပဲ နမ်းမိကြပြန်တယ်။

နှစ်ယောက်စလုံးကအသက်နှစ်ဆယ်ကျော်အရွယ်...ဆယ်ကျော်သက်အရွယ်ကျော်လွန်ပြီးစ ရင့်ကျက်တည်ငြိမ်တဲ့အရွယ်မရောက်သေးခင် စပ်ကူးမတ်ကူးကာလ။မထိတွေ့သေးခင်ဘာမှမဖြစ်သေးပေမဲ့ ထိတွေ့မိတာနဲ့ သဘောကျနှစ်ခြိုက်နေသူနဲ့နမ်းနေပါလား ဆိုတဲ့အသိနဲ့တင် ရင်ခုန်သံတွေ ကပြောင်းကပြန်ဖြစ်ရပါသော အရွယ်။

ပါးစပ်ပဲဟရတော့မလို၊စေ့ပဲပိတ်ထားရတော့မလိုနဲ့ နှစ်ယောက်လုံး အချိန်အတော်ကြာဖိကပ်ရုံဖိကပ်ထားမိပြီး ပိုင်စိုးကအားမလိုအားမရနဲ့ထိုက်နွယ်ရဲ့အောက်နှုတ်ခမ်းလေးကို ဆွဲကိုက်မိရာမှာတင် အနမ်းကအဆုံးသတ်သွားတော့တယ်။

"နာသွားလား"

ပိုင်စိုးရဲ့အသံခပ်အုပ်အုပ်က ခပ်လှမ်းလှမ်းမှာရှိတဲ့မီးစက်သံကိုမကျော်လွန်နိုင်တာမို့သူ့နားထဲအလုံးစုံဝင်မလာဘူး။နှုတ်ခမ်းရဲ့အဖွင့်အပိတ်ကိုသာကြည့်ပြီးနားလည်လိုက်တာ။ထိုက်နွယ်ခေါင်းခါပြလိုက်တယ်။

"ပြပါဉီး"

ပိုင်စိုးက ထိုက်နွယ်ရဲ့မေးလေးကိုလက်ဖျားလေးနဲ့ဆွဲပင့်လို့ နှုတ်ခမ်းကိုကြည့်တယ်။နှုတ်ခမ်းကသွေးလေးစို့နေပြီး ပြောင်ပြောင်လေးဖြစ်နေတာက အရမ်းစွဲမက်ဖို့ကောင်းတာမို့ ပိုင်စိုးစိတ်တွေကိုထပ်ပြီးအစိုးမရဖြစ်လာစေတယ်။အဲ့ဒါကို ထိုက်နွယ်ကလဲ သိတယ်။ပိုင်စိုးလက်ကို ခပ်ဆတ်ဆတ်ပုတ်ချလိုက်ပြီး...

နားနဲ့မနာ၊ဖဝါးနဲ့မနာ...နှလုံးသားနဲ့နာတော်မူပါ...(ongoing)Where stories live. Discover now