နှလုံးသားနဲ့နာတော်မူပါ:အပိုင်း(၁၂)အရာရာမင်းအတွက်ဖြစ်စေရမယ်....
သီချင်းပြီးသွားလို့ ပိုင်စိုးအသံချိုချိုအေးအေးလေးရပ်သွားတဲ့အချိန်မှာ တစ်လောကလုံးကပြန်လည်တိတ်ဆိတ်သွားတယ်။မိုးလေစိမ့်စိမ့်လေးနဲ့အတူတွဲလို့ပါလာတဲ့ ညမွှေးပန်းနံ့က ထုံအီကြူသင်းလို့နေတယ်။
ကိုတိုးကြီး၊ဖိုးညိုနဲ့ဇင်ကိုတို့သုံးယောက်သားမှာတော့ သူတို့ရှေ့ကလောလောလတ်လတ်မြင်လိုက်ရတဲ့ မြင်ကွင်းနဲ့ကြားလိုက်ရတဲ့အသံကို အိပ်မက်လား တစ်ကယ်လား ဝေဝေဝါးဝါးနဲ့သေချာမဝေခွဲနိုင်သေးတဲ့ပုံပဲ။သူတို့အသက်ရှင်နေတဲ့ကာလမှာ ပိုင်စိုးကအတည်အတံ့သီချင်းဆိုတာကိုမြင်လိုက်ရတာက ကံထူးတယ်လို့ပြောရတော့မလို သေခါနီးလို့မဟုတ်တာတွေလျှောက်မြင်နေတာလားလို့တောင်တွေးမိသလိုဖြစ်နေရတယ်။
ပိုင်စိုးက သူ့ကိုအံ့အားတကြီး ရပ်ကြည့်နေတဲ့ လူသုံးယောက်ကို နေရာမှာတင် အတောင့်လိုက်ကြီးဖြစ်သွားအောင်ထပ်လုပ်လိုက်ပြန်တယ်။သီချင်းဆိုပြီးပြီးချင်းမှာပဲ ဂစ်တာကိုအုတ်ခုံပေါ်တင်ခဲ့ပြီး ခြံစည်းရိုးနောက်ကထိုက်နွယ်ဆီကိုအပြေးလေးသွားလိုက်တာ...။
"နွယ်.....ကျွန်တော်ဆိုတာနားထောင်လို့ကောင်းလား"
ပိုင်စိုးအသံကသူ့နားထဲကို စီးဝင်လာတဲ့အထိ ထိုက်နွယ်ပျံ့လွင့်သွားရတဲ့သူ့စိတ်ကိုအနိုင်နိုင်ထိန်းညှိနေရတုန်း။အကြောင်းမဲ့အေးစက်လာတဲ့လက်ဖျားလေးတွေကို အချင်းချင်းဆုပ်ညှစ်လို့ ပိုင်စိုးမျက်နှာကိုကြည့်လိုက်တော့ လရောင်ထိန်ထိန်သာနေတဲ့အောက်မှာ ရွှန်းလဲ့နေတဲ့ ပိုင်စိုးမျက်လုံးလေးတွေက သောက်ရှုးကြယ်လေးလိုပဲတောက်ပနေတယ်။
"ဟင်.....ဖြေပါဦး နွယ်ရဲ့...နားထောင်လို့ကောင်းလားလို့"
ပိုင်စိုးက သူပြန်မဖြေတော့ သိချင်စိတ်ပြင်းပျစွာနဲ့ အမောတကောထပ်မေးပြန်တယ်။ထိုက်နွယ် စိတ်ရဲ့တံခါးပေါက်ကိုမလုံမလဲလွှဲလို့ ဖြေလိုက်တယ်။
"အင်း...ကောင်းတယ်...မင်းတို့လဲတော်တော့၊ငါသွားတော့မယ်..."
"နေပါဦး...မသွားပါနဲ့ဦး နွယ်နဲ့စကားပြောချင်သေးတယ်"
YOU ARE READING
နားနဲ့မနာ၊ဖဝါးနဲ့မနာ...နှလုံးသားနဲ့နာတော်မူပါ...(ongoing)
Romanceသို့/ နွယ်ရေ...နားနဲ့မနာ ဖဝါးနဲ့မနာ..နှလုံးသားနဲ့သာနာတော်မူပါ။နွယ့်အပေါ်ကို တဏှာတစ်ဖက် သဒ္ဒါတစ်ဖက် နဲ့လှေနံနှစ်ဖက်နင်းမိပါပြီ။နွယ့်အပေါ်ကို ချစ်ကြိုက်တာအပြင် မြတ်နိုးတာပါဆင့်နေမိပြီမို့ အခုရည်းစားစာခေါ် ပိယပဏ္ဏကို ရေးလိုက်ရပါတယ်။