အပိုင်း(၃၄)

337 36 14
                                    

နှလုံးသားနဲ့နာတော်မူပါ:

အပိုင်း(၃၄)ကိုယ့်နှလုံးသားကအနွေးဓာတ်က အချစ်ရှိရာစီးဆင်းမျှဝေလို့ မင်းလဲနွေးပါစေ။


"သက်ထား...သမီးမောင် ဆိုင်မှာပဲရှိသေးတာလား၊ခုဘယ်နှစ်နာရီထိုးပြီလဲ"

ကြီးကြီးက ဘုရားရှိခိုးပြီးပြီးချင်းမှာပဲအောက်ထပ်ကိုတစ်ရွေ့ရွေ့ဆင်းလာပြီး သက်ထားနွယ်ကိုမေးတယ်။လက်ထဲမှာလဲ အနွေးအင်္ကျီတစ်ထည်ကိုကိုင်လို့။သက်ထား ကြယ်သီးတပ်လက်စအင်္ကျီလေးကို ဘေးချလို့နာရီကိုမော့ကြည့်ရင်း...
"ရှစ်နာရီကျော်ပြီ ကြီးကြီး"

"ဆိုင်ရောပိတ်ပြီးပြီလား..."

"ပိတ်ပြီးပြီထင်တယ်...ခုနကတော့တံခါးသံကြားသလားလို့ မောင်ပြူးလဲပြန်ပြီဆိုတော့ ဆိုင်ကတော့ပိတ်ပြီးလောက်ပါပြီ၊စာရင်းလုပ်နေတာထင်ပါတယ်၊ ပြီးမှသက်ထားသွားကြည့်ကြည့်ပြီး ကူစရာရှိကူလိုက်ပါမယ်ကြီးကြီးရယ်၊ကြီးကြီးကအိပ်တော့လေ"

ကြီးကြီးကခေါင်းကိုညိတ်ရင်း သက်ထားနွယ်နဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်တယ်။
"အင်း..အိပ်တော့မလို့ပဲ၊ဒီညကအေးတော့ ရေနွေးလေးဆင်းယူရင်း ထိုက်နွယ်အခန်းထဲလှမ်းကြည့်မိတော့ လူမတွေ့လို့လေ၊ရာသီဥတုကအေးကအေးနဲ့ ညည်းမောင် အနွေးထည်မှလုံလုံလောက်လောက်ဝတ်ထားပါ့မလားလို့"

သက်ထားနွယ် အကဲပိုတဲ့သူ့ကြီးကြီးကိုကြည့်ပြီး မတတ်သာဘဲ ခေါင်းရမ်းမိရင်း ရယ်လဲရယ်ချင်မိသွားရတယ်။
"မောင်လေးက ကလေးမဟုတ်တော့ပါဘူး ကြီးကြီးရယ်...သူ့ဟာသူကြည့်လုပ်ပါလိမ့်မယ်၊တစ်ခါတစ်လေတော့ အခုလိုပဲ စာရင်းလုပ်ရင်းနောက်ကျတတ်ပါတယ်၊ကြီးကြီး စိတ်ချလက်ချသွားအိပ်နှင့်ပါ..သမီးရေနွေးသွားပေးရင်း အနွေးထည်အပိုထပ်ယူသွားပေးလိုက်ပါမယ်"

"အေးအေး...အမလေး..သက်ထားရေ၊ညည်းမောင်က ကလေးမဟုတ်ပေမဲ့ ကလေးထက်ဆိုးတယ်အေ့၊တစ်ခါတစ်လေကျ ဘယ်လောက်ချမ်းချမ်းအနွေးထည်များများဝတ်ချင်တာမဟုတ်ဘူး"

သက်ထားနွယ် အသံလေးပါထွက်လို့ရယ်မိတော့တယ်။
"သြော် တို့ကြီးကြီးလဲ စိတ်ပူတတ်ရန်ကော၊မိန်းမသာပေးစားလိုက်ကြီးကြီးရယ်၊သူ့မိန်းမကြည့်လုပ်ပလေ့စေ"

နားနဲ့မနာ၊ဖဝါးနဲ့မနာ...နှလုံးသားနဲ့နာတော်မူပါ...(ongoing)Where stories live. Discover now