အပိုင်း(၂၃)

368 65 7
                                    

အပိုင်း(၂၃)
ချစ်ညီလေးစိတ်ညစ်နေတဲ့ကိစ္စကို မြူလိုနှင်းလိုပျောက်သွားအောင် ကိုင်တွယ်ပေးမယ်

"ဟိတ်ကောင်တွေ...ငါ မင်းတို့ကိုပြောစရာရှိတယ်"

"ဘာလဲ!ရပ်ကွက်ထဲကအတင်းအဖျင်းတွေပဲမလား"

ဇင်ကိုပိတ်ပြောထည့်လိုက်တော့ ဖိုးညိုတစ်ချက်တော့အိုးတိုးအမ်းတမ်းဖြစ်သွားတယ်။ဒါပေမဲ့လဲ မာန်ကိုတော့မလျော့ဘူး။
"ဟိတ်ကောင်ရ!အတင်းဆိုတာ သတင်းပဲကွ...အတင်းကသတင်းနဲ့ မောင်နှမသုံးဝမ်းကွဲလောက်တော်တယ်၊မဖြစ်စလောက် ဗဟုသုတဉာဏ်လေးနဲ့ လူ့ဘဝထဲမှာရှင်သန်နေတာ မင်းတို့မပင်ပန်းဘူးလား"

အမယ်..မပင်ပန်းဘူးလားတောင်လုပ်လိုက်သေး။အမျိုးတောင်စပ်ပြလိုက်သေး။အကုန်လုံး ဖိုးညိုကိုဆလံသလိုက်ကြပြီး မဖြစ်မနေမှာထားရတဲ့ လက်ဖက်ရည်ကိုမော့သောက်လိုက်ကြတယ်။မဖြစ်မနေလို့ထည့်ပြောရတာကအကြောင်းရှိတယ်။သူတို့အဖွဲ့တွေ လက်ဖက်ရည်ဆိုင်ထိုင်ရင် လေးယောက်ထိုင်ရင် လေးယောက်စလုံးမှာသောက်တာကရှားတယ်။လေးယောက်ထိုင်ရင် နှစ်ယောက် ဒါမှမဟုတ် တစ်ယောက်ကပဲမှာတယ်။ပြီးရင်ချပေးထားတဲ့ရေနွေးကြမ်းအိုးကို အဝတွယ်တော့တာပဲ။

အဲ့ဒါကလဲ သူတို့အပြစ်ချည်းပဲတော့ဘယ်ဟုတ်ပါ့မလဲ။ဦးချစ်တီးဆိုင်ကရေနွေးကအခြားရေနွေးနဲ့ကိုမတူဘူး။သူကိုယ်တိုင်ကလဲရေနွေးကြမ်းသမားဆိုတော့ ဦးချစ်တီးက သူကိုယ်တိုင်ရှမ်းပြည်ကနေဝယ်လာတဲ့ လက်ဖက်ရွက်နုနုအခြောက်လေးတွေနဲ့အလယ်အလတ်တန်းစားလက်ဖက်ခြောက်ကိုရောခပ်တာ။ခပ်တာလဲရိုးရိုးရောပြီးခပ်လိုက်တာမဟုတ်ဘူးခင်ဗျ...။အရင်ဆုံးအနံ့ပိုမွှေးအောင် လက်ဖက်ခြောက်ကိုမီးအေးအေးမှာလှော်လိုက်သေးတာ။ဦးချစ်တီးများလက်ဖက်ခြောက်လှော်ရင် အရှေ့ခုနစ်အိမ်၊အနောက်ခုနစ်အိမ်အထိ အဲ့အနံ့ကပျံ့သွားတာ။

ပျံ့လာတဲ့အနံ့ကလဲ အင်မတန်လက်ဆတ်ပြီးမွှေးလွန်းလို့ ရေနွေးကြမ်းသမားမှန်ရင် အကုန်သွားရေယိုလာကြတာပဲ။အဲ့လက်ဖက်ခြောက်နဲ့ခပ်ထားတဲ့ ရေနွေးကိုပိုင်စိုးတို့က ဆိုင်ရောက်တာနဲ့ကို တစ်ခွက်ပြီးတစ်ခွက် လေပေါရင်းနဲ့သောက်ကြတော့ ရေနွေးကြမ်းအိုးကလဲတစ်အိုးပြီးတစ်အိုးကုန်ပါလေရော။

နားနဲ့မနာ၊ဖဝါးနဲ့မနာ...နှလုံးသားနဲ့နာတော်မူပါ...(ongoing)Where stories live. Discover now