အပိုင်း(၂၅)

382 50 4
                                    

အပိုင်း(၂၅)
ချစ်စရာကောင်းလွန်းလို့ ငါ့အတွက်ခက်နေပြီ...

ဗြိစ္ဆာရာသီ၊ကျီးတာရာ၊ကြတ္တိကာနက္ခတ်(ဖျောက်ဆိတ်ကြယ်) လွှမ်းခြုံပါသောတန်ဆောင်မုန်းလ...။

ကောင်းကင်မှာကြည်လင်လို့ နေ့ဆိ်ုတိမ်မျှင်ရစ်သိုင်းကြည်လင်ပြီး ညမှာဆိုလဲနက္ခတ်စုံ၊ကြယ်စုံလှတဲ့အချိန်။

ခဝဲပန်းတွေလိှုင်လှိုင်ပွင့်ပြီး မယ်ဇလီဖူးတို့မြိုင်မြိုင်ထွက်ချိန်။ဆေးပေါင်းခတဲ့ လတန်ဆောင်မှာတော့ မြန်မာလူမျိုးတွေအတွက် အထွတ်အမြတ်ထားရာ ကထိန်သင်္ကန်းကပ်လှုချိန်လဲဖြစ်ပြန်သေးတယ်။တန်ဆောင်မုန်းလ အခါသမယမှာ အလှုအတန်းတွေနဲ့ စည်ကားရုံတင်မကပဲ ပျော်ပွဲ ရွှင်ပွဲတွေလဲ များလှတယ်။

ဟင်္သာတမှာတော့ ကထိန်ပွဲကို အကြီးအကျယ်ခင်းကြတဲ့အပြင် ရပ်ကွက်အလိုက် အိုးစည်ဒိုးပတ်နဲ့ တိုးနယားအကပြိုင်ပွဲရှိတယ်။အဲ့အချိန်မှာဆို ရပ်ကွက်တိုင်း လမ်းတိုင်းမှာ အိုးစည်သံတွေ ထုံပေမြည်ဟီးလို့နေကြတယ်။တိုးနယားအရုပ်ကြီးတွေကို ကိုယ်တိုင်ချုပ်ပြီး အလှဆင်ကြတယ်။

ပိုင်စိုးတို့ ကနောင်စုမှာလဲ အိုးစည် ဒိုးပတ်ဝိုင်းရှိပြီး 'ရန်ရှင်းမောင်' လို့နာမည်ပေးထားတယ်။အရာရာဝင်ပါတတ်တဲ့ ပိုင်စိုးကတော့ ဒီတစ်ခါ ဝင်ပါလို့မရဘူးဖြစ်နေတယ်။ဘာလို့ဆို သူမှအိုးစည်မတီးတတ်တာ။အိုးစည်တီးတယ်ဆိုတာကို အစကတော့ဒီတိုင်း ထုလိုက်ရိုက်လိုက်လို့ထင်နေခဲ့ပေမဲ့ သေချာကြည့်ကာမှ အိုးစည်မှာလဲ ကာရံနဘေ ဆိုတာရှိမှန်းသိတော့တယ်။

ဘုန်းကြီးကျောင်းဝိုင်းထဲက ရန်ရှင်းမောင် အဖွဲ့ရဲ့ အိုးစည်ဒိုးပတ်လေ့ကျင့်သံတွေက မြိုင်လိှုင်လို့ မြည်ဟိန်းနေကြတယ်။အိုးစည်သံနဲ့အပြိုင် လင်ကွင်း၊ဝါးလက်ခုပ်၊နှဲသံတွေကလဲ စီစီညံညံ...သီချင်းဆိုနေတဲ့ ကိုတိုးကြီးရဲ့အသံဝါကြီးကလဲဟိန်းလို့။ချစ်ရပါသောနွယ်ကလဲ အိုးစည်ကိုလွယ်ပြီး အားရပါးရကိုတီးနေတာ။အကုန်လုံးရဲ့မျက်နှာမှာ ပျော်ရွှင်တက်ကြွမှုတွေကိန်းအောင်းနေပြီး မာန်ကြွနေကြတယ်။

နားနဲ့မနာ၊ဖဝါးနဲ့မနာ...နှလုံးသားနဲ့နာတော်မူပါ...(ongoing)Where stories live. Discover now