အပိုင်း(၂၈)
အရမ်းချစ်လို့လုပ်တဲ့အပြုအမူပဲ"ဟုတ်တယ်...ငါတို့ကြိုက်နေကြတာ၊ပြဿနာရှိလို့လား"
အင်မတန်ကိုမာန်ပါပြီး ကြားရသူမှန်သမျှဆွံ့အလို့သွားရတဲ့စကားတစ်ခွန်းပါပင်။တိုးကြီးတို့တတွေမှာ မမျှော်လင့်ထားတဲ့စကားကြီးတစ်ခွန်းက ထွက်ကျလာတာမို့ ပါးစပ်လေးတွေဟောင်းလောင်းပွင့်ပြီး မျက်တောင်လေးတစ်ဖျပ်ဖျပ်ခပ်ရုံကလွဲ ဘာမှမတတ်နိုင်ကြတော့ပုံပေါ်နေတယ်။
အမှန်တကယ်ဆိုပိုင်စိုးလဲ တုန်လှုပ်သွားရတာအမှန်။
သူ့ဘေးက အမျိုးသားကတော့ ဒီလိုမျိုးကြီးကြီးမားမားသတင်းကို သူ့ကိုတစ်စက်ကလေးမှအသိမပေးပဲလုပ်ချလိုက်တာကြည့်ဦး!။
မျက်နှာတစ်ချက်မှမပျက်၊တုန်လှုပ်ခြင်းကင်းမဲ့ပြီး၊ရဲတင်းလွန်းလှတယ်။
စစ်သူကြီးဆန်ဆန်ပဲ!
တကယ့်ကိုမိုက်ချက်!အစကနေပြန်ပြန်ကြွေချင်စရာ အတိပြီးသော ချစ်ရပါတဲ့နွယ်။
ပိုင်စိုးစိတ်ထဲမှာ အတွေးတွေက တရစပ်ကိုထွက်ကျလာတယ်။
သူ့အနေနဲ့ သူတို့နှစ်ယောက်ကြားက ဆက်နွယ်မှုကို အများကိုပြောမပြရင်တောင်ရင်းနှီးလှတဲ့လူတွေကိုတော့ ပြောပြချင်ခဲ့ဖူးတယ်။ဒါပေမဲ့လဲ နွယ့်အတွက်အဆင်ပြေပါ့မလားတွေးမိတာနဲ့ ပြောမဲ့စိတ်ကူးက မီးခိုးငွေ့တွေလို့လွင့်မျောသွားရတာချည်းပဲ။ဒါပေမဲ့အခုလိုနွယ်ပြောလိုက်တော့ ပိုင်စိုးရင်ထဲမှာတကယ့်ကိုလှိုက်လှိုက်လှဲလှဲနဲ့ဝမ်းသာသွားရတယ်။သူ့စကားကြောင့်အကုန်လုံးကငြိမ်ကျသွားတော့ ထိုက်နွယ်တောင်မှအူလည်လည်ဖြစ်သွားရတယ်။မေးလို့လဲဖြေရသေးတယ် ဘာလို့အကုန်ငြိမ်ကျသွားရတာလဲ။
"မင်းတို့ဘာလို့ ငြိမ်ကျသွားကြတာလဲ...တကယ်ကြီး ငါတို့ကြိုက်နေတာက ပြဿနာရှိနေတာလား၊ဘာလဲ ယောကျ်ားချင်းကြိုက်တဲ့ကောင်တွေဆိုပြီး မပေါင်းပဲနေကြတော့မလို့လား၊အဲ့လိုဆိုလဲ ငါအဖွဲ့ထဲကထွက်ပေးမယ်...ပိုင်စိုးကိုတော့မထုတ်လိုက်နဲ့ သူ့မှာက ပေါင်းစရာမင်းတို့ပဲရှိတာ"
YOU ARE READING
နားနဲ့မနာ၊ဖဝါးနဲ့မနာ...နှလုံးသားနဲ့နာတော်မူပါ...(ongoing)
Romanceသို့/ နွယ်ရေ...နားနဲ့မနာ ဖဝါးနဲ့မနာ..နှလုံးသားနဲ့သာနာတော်မူပါ။နွယ့်အပေါ်ကို တဏှာတစ်ဖက် သဒ္ဒါတစ်ဖက် နဲ့လှေနံနှစ်ဖက်နင်းမိပါပြီ။နွယ့်အပေါ်ကို ချစ်ကြိုက်တာအပြင် မြတ်နိုးတာပါဆင့်နေမိပြီမို့ အခုရည်းစားစာခေါ် ပိယပဏ္ဏကို ရေးလိုက်ရပါတယ်။