နှလုံးသားနဲ့နာတော်မူပါ:အပိုင်း(၁၅)ပိယပဏ္ဏ...
"စာပါတယ် ဗျို့!!စာပါတယ်...ကိုထိုက်နွယ် စာပါတယ်!"
စာပို့သမားရဲ့အသံကြားတော့ ဆိုင်အဝင်စာရင်းမှတ်နေတဲ့ သူ့လက်တွေတုန့်ခနဲဖြစ်သွားရပြီး စိတ်လဲလှုပ်ရှားသွားရတယ်။လက်ထဲကဘောပင်ကိုချပြီး စာကိုသွားယူလိုက်တော့စာပို့သမားရဲ့ထူးထူးဆန်းဆန်းအကြည့်ကိုရင်ဆိုင်ရပြန်တယ်။မထူးဆန်းလဲမခံနိုင်ဘူး...ဒီတစ်ပါတ်ကျော်နှစ်ပါတ်အတွင်းသူ့နာမည်နဲ့စာရောက်တာ သုံးကြိမ်ရှိပြီ။ကြီးကြီးကဆို..."ထိုက်နွယ်...သား တစ်ရွာတစ်ကျီများဆောက်ခဲ့လားဟင်..." တဲ့...။
ကဲ!!
စာအိတ်ကထုံးစံအတိုင်း အပြာနုရောင်၊အထဲစာရွက်ကလေးကလဲ အပြာနုလေးပဲဖြစ်ရမယ်။စာပို့သူရဲ့နေရာမှာ ဘာမှရေးမထားဘူး။ဒါပေမဲ့ မလှမပလက်ရေးကောက်ကောက်လေးတွေနဲ့ 'ထိုက်နွယ် ဆီသို့' လို့ရေးထားတာဖတ်ရုံနဲ့ ပို့သူကိုသိနေပြီ။ပြီးတော့ ရည်းစားစာကို စာတိုက်ကနေတစ်ဆင့်ထည့်နေတဲ့ကောင်ဆိုလို့ များများစားစားဘယ်ရှိမှာလဲ... ပိုင်စိုး အဲ့တစ်ယောက်ပဲရှိတာ။
ထိုက်နွယ်ကို ပိုးတော့မယ်လို့ပြောပြီးနောက်တစ်နေ့ သူဆိုင်ထိုင်နေတဲ့အချိန် ပိုင်စိုးရောက်လာတယ်။
"အဟမ်း!"
ချောင်းဟန့်သံကြောင့် သူမော့ကြည့်လိုက်တော့ သူ့ကိုပြုံးပြုံးကြီးကြည့်နေတဲ့ ပိုင်စိုး...
"ဘာလာလုပ်တာလဲ""ဈေးဆိုင်ပါဆိုမှ ဈေးလာဝယ်တာပေါ့ နွယ်ကလဲ"
"အခေါ်အဝေါ်ဆင်ခြင်ဉီး...ဒါငါ့အိမ်"
"အင်းပါ...နှစ်ယောက်ထဲရှိမှခေါ်ပါ့မယ်...စိတ်မတိုပါနဲ့"
ပိုင်စိုးအသံကချော့မော့မြူစွယ်လိုဟန်အပြည့်။ထိုက်နွယ် မတတ်သာစွာခေါင်းရမ်းလိုက်ရင်း...
"မင်းဘာလာဝယ်တာလဲ"
"ဝယ်တာမဝယ်တာထက် နွယ့်ကိုအရင်မေးစရာရှိတယ်"
"ဘာလဲ"
"ဘာရောင်ကြိုက်လဲ..."
"ဘာလုပ်မလို့လဲ"
YOU ARE READING
နားနဲ့မနာ၊ဖဝါးနဲ့မနာ...နှလုံးသားနဲ့နာတော်မူပါ...(ongoing)
Romanceသို့/ နွယ်ရေ...နားနဲ့မနာ ဖဝါးနဲ့မနာ..နှလုံးသားနဲ့သာနာတော်မူပါ။နွယ့်အပေါ်ကို တဏှာတစ်ဖက် သဒ္ဒါတစ်ဖက် နဲ့လှေနံနှစ်ဖက်နင်းမိပါပြီ။နွယ့်အပေါ်ကို ချစ်ကြိုက်တာအပြင် မြတ်နိုးတာပါဆင့်နေမိပြီမို့ အခုရည်းစားစာခေါ် ပိယပဏ္ဏကို ရေးလိုက်ရပါတယ်။