အပိုင်း(၂၉)

199 31 3
                                    


အပိုင်း(၂၉)
တစ်ဖက်လူရဲ့မျက်နှာပေါ်က အပြုံးလေးတစ်စ၊အကြည့်လေးတစ်ချက်

နေ့ရက်အချို့ကုန်လွန်ပြီးနောက်မှာ သာညဖလအခါတော် တန်ဆောင်မုန်းလပြည့်နေ့နဲ့အတူ သူတို့ပြိုင်ပွဲကရောက်ရှိလို့လာတယ်။နေရာတိုင်းမှာ ပျော်သံတွေ၊ရွှင်သံတွေ၊အသံချဲ့စက်သံနဲ့ မြန်မာ့ရိုးရာအိုးစည်ဗုံမောင်းသံတွေ။တန်ဆောင်မုန်းလအစမှာကတည်းက အဆက်မပြတ်ပြုလုပ်ခဲ့ကြပြီးတဲ့ ကထိန်ပွဲတွေအပြီးမှာတော့ သူတို့ပြိုင်ပွဲနဲ့အတူ ပံ့သကူပစ်ပွဲနဲ့ကျီးမနိုးပွဲသာကျန်နေခဲ့တော့တယ်။

သူတို့ရဲ့ပြိုင်ပွဲကို မနက်စောစောကနေစပြီးညနေတော်တော်စောင်းတဲ့အထိကျင်းပမှာဖြစ်ပြီး လူစိတ်အဝင်စားဆုံးပွဲတစ်ခုလဲဖြစ်တယ်။

ပိုင်စိုးသူတို့အသင်းရဲ့တူညီဝတ်စုံဖြစ်တဲ့ တီရှပ်ကိုပုဆိုးထဲထည့်သေချာစည်းပြီးစိတ်လှုပ်ရှားစွာနဲ့နှုတ်ခမ်းကိုလျှာနဲ့သပ်လိုက်တယ်။အကုန်လုံးလဲ သူ့လိုပဲခံစားရမှာအမှန်ပဲ...သူတို့အထဲက အတည်ငြိမ်ဆုံးဆိုတဲ့ နွယ်တောင်မှ ရေခဏခဏသောက်၊ကြာကြာမထိုင်နိုင် ကြာကြာမထနိုင်နဲ့ ထူးထူးခြားခြားယောက်ယပ်ခပ်နေတယ်။

ပြိုင်ပွဲဆိုတာမျိုးက လူတွေရဲ့စိတ်ကိုအနိုင်ရလိုမှုနဲ့ ပင်ပန်းစေပြီး၊လိုချင်တဲ့ရလဒ်မျိုးမရလာဘူးဆိုရင်လဲ နှစ်ဆပိုပင်ပန်းရတဲ့အရာမျိုး။ပြီးတော့ လိုချင်တဲ့ရလာဒ်ရတဲ့နောက်မှာတော့ တစ်သက်မမေ့နိုင်တဲ့အမှတ်တရတွေကိုထာဝရမှတ်မိနေအောင် စွဲထင်ကျန်ရစ်စေတဲ့အရာမျိုးပဲဖြစ်တယ်။

သူတို့အကုန်ပြိုင်ပွဲအတွက်စိတ်လှုပ်ရှားနေကြတယ်။မဆိုနိုင်မှာ၊မတီးနိုင်မှာ၊မကနိုင်မှာ၊ပွဲကြည့်ပရိတ်သတ်ရဲ့ အာရုံဝင်စားမှုကိုမဖမ်းဆုပ်နိုင်မှာအကုန်စိုးရိမ်နေကြတယ်။အဖွဲ့သားတွေအကုန်လုံးက ရင်ဘက်မှာ အဖွဲ့နာမည်ဖြစ်တဲ့ 'ရန်ရှင်းမောင်' ဆိုတာကိုထိုးထားပြီး ကျောဘက်မှာတော့  'လူတိုင်းကြိုက်တဲ့ ရန်ရှင်းမောင်...ပျိုလေးချစ်တဲ့ အိုဘယ့်မောင်' ဆိုတဲ့ အပျိုလေးတွေကို တစောင်းချိတ်ချိတ်ရေးထားတဲ့ စာပိုဒ်ပါတဲ့  ဆင်တူတီရှပ်အဖြူလေးတွေဝတ်ဆင်ထားကြတယ်။

နားနဲ့မနာ၊ဖဝါးနဲ့မနာ...နှလုံးသားနဲ့နာတော်မူပါ...(ongoing)Where stories live. Discover now