နှလုံးသားနဲ့နာတော်မူပါ:အပိုင်း(၁၄)စိတ်ကိုထိခိုက်စေသောစကားလုံးများ
ထိုက်နွယ်ရဲ့အိမ်အပြန်လမ်းကအလာတုန်းကနဲ့မတူပဲ ဆူဆူညံညံရှိလှတယ်။ပိုင်စိုးနဲ့ချစ်ဖွေးရဲ့ ရောက်တက်ရာရာစကားတွေကလဲအဆက်မပြတ်ကိုဆူညံလို့နေတယ်။ဒီတစ်ခါတော့ပိုင်စိုးက သူ့ကိုတစ်ယောက်ထဲလွှတ်မထားတော့ပဲ စကားဝိုင်းထဲကိုဆွဲဆွဲသွင်းလာတယ်။
"ချစ်ဖွေး...မင်းပြောကြည့်...မင်းရဲ့လေးလေးနွယ်နဲ့ လေးလေးနဲ့ဆို ဘယ်သူပိုချောလဲ"
"နှစ်ယောက်လုံးချောပါတယ်...ဒါပေမဲ့...လေးလေးနွယ်ကနည်းနည်းလေးပိုလှတယ်..."
ချစ်ဖွေးစကားကိုကြားလိုက်ရတော့ ပိုင်စိုးမျက်နှာကြီးက ရည်းစားချောချောလှလှလေးကိုရထားပြီး အဲ့ရည်းစားလေးကိုလူပုံအလယ်မှာချီးကျုးခံလိုက်ရတဲ့လူလိုမျိုး ပြုံးခနဲဖြစ်သွားတယ်။ထိုက်နွယ်မှာတော့ အနေရခက်ကာ ရှိန်းတိန်းဖိန်းတိန်းကြီးဖြစ်သွားရတာမို့...
"ချစ်ဖွေးငယ်...ယောက်ျားလေးကိုလှတယ်လို့မသုံးရဘူးလေ""လှတာ တကယ်..မေမေနဲ့တူလို့"
"ဟုတ်တယ် ဟုတ်တယ်...မင်းရဲ့လေးလေးနွယ်က လှတယ်...ဟိုးနေ့ကပန်းလေးနဲ့တုန်းကဆို မတရားချစ်ဖို့ကောင်းတာပဲ...မင်းမြင်လိုက်ရမှာသိလား"
"တကယ်...!"
"အေး!"
"ကြည့်ချင်လိုက်တာ...မေမေလဲပန်းပန်ထားရင် လှတယ်..."
"နောက်နေ့မြှပမယ်"
ချစ်ဖွေးအသံလေးက နှမျောတသနိုင်လျက် ပိုင်စိုးအသံကတော့အားပါးတရ။နံဘေးကကာယကံရှင်ဖြစ်တဲ့ ထိုက်နွယ်ကိုတော့နှစ်ယောက်လုံး မေ့ထားကြပုံရတယ်။
ထိုက်နွယ်-". . ."
မင်းတို့လုပ်ချင်တိုင်းလုပ်နေတယ်...ကာယကံရှင်ငါ့ကိုလဲ မေးကြပါဉီး...။ထိုက်နွယ်မျက်နှာကြီးကဆယ်ဆလောက်ထူတက်လာသလိုခံစားလိုက်ရတာမို့ ပိုင်စိုးကိုမျက်နှာရိပ်မျက်နှာကဲနဲ့ တိုးတိုးကြိတ်ကြိတ်ကြိမ်းမောင်းလိုက်တယ်။ပိုင်စိုးကတော့ မျက်နှာအရေအထူထူနဲ့ မသိချင်ယောင်ဆောင်ပြီး ချစ်ဖွေးနဲ့စကားဆက်များနေတယ်။
YOU ARE READING
နားနဲ့မနာ၊ဖဝါးနဲ့မနာ...နှလုံးသားနဲ့နာတော်မူပါ...(ongoing)
Romanceသို့/ နွယ်ရေ...နားနဲ့မနာ ဖဝါးနဲ့မနာ..နှလုံးသားနဲ့သာနာတော်မူပါ။နွယ့်အပေါ်ကို တဏှာတစ်ဖက် သဒ္ဒါတစ်ဖက် နဲ့လှေနံနှစ်ဖက်နင်းမိပါပြီ။နွယ့်အပေါ်ကို ချစ်ကြိုက်တာအပြင် မြတ်နိုးတာပါဆင့်နေမိပြီမို့ အခုရည်းစားစာခေါ် ပိယပဏ္ဏကို ရေးလိုက်ရပါတယ်။