အပိုင်း(၂၇)
"ငါတို့လက်ချင်းတွဲပြီး လမ်းခဏလောက်လျှောက်ကြမလား""လေးလေး...စားလို့ရပြီလား"
အိမ်ထဲမှာထမင်းပွဲပြင်နေတဲ့ လေးမြင့်စိုးကခေါင်းညိတ်ပြတယ်။တစ်ဆက်တည်းမှာပဲ အပေါက်ဝမှာရှိနေတဲ့ သူ့ဆီကိုလှမ်းလာပြီး..
"စားလို့ကရပြီ...ဒါပေမဲ့ မင်းဧည့်သည်ရောက်နေတယ်""သိတယ်..ဇင်ကိုမလား၊စကားပြောခဲ့ပြီးပြီ"
"မဟုတ်ဘူး..."
"ဘယ်သူလဲ အဲ့ဒါဆို"
လေးမြင့်စိုးက ပိုင်စိုးရဲ့စကားကို နှုတ်နဲ့မဖြေပဲ သူ့နောက်ကျောဘက်ကိုသာမေးဆတ်ပြတယ်။
"အိမ်ရှေ့အခင်းတွေထဲမှာစောင့်နေတယ်...သွားတွေ့ပြီးမှသာ ထမင်းစားတော့"ပိုင်စိုးခေါင်းညိတ်ပြပြီး အိမ်ရှေ့ကိုထွက်လာခဲ့လိုက်တယ်။အိမ်ရှေ့စိုက်ခင်းတွေဆီကိုရောက်တော့ တံခါးဖွင့်ပြီးသူ့မြင်ကွင်းထဲကိုဝင်လာသူက...
"တင့်ဇော်ဦး...!"ကိုတိုးကြီးရဲ့ ယောက်ဖ ရုပ်ရှင်မင်းသားလောင်းလျာ တင့်ဇော်ဦးပင်။အစကမှုန်ကုပ်ကုပ်လူ တင့်ဇင်ဦးမှာ အခုတော့ စိတ်ချမ်းသာလက်ချမ်းသာနဲ့ လုပ်ချင်တဲ့အလုပ်ကိုလုပ်နေရလို့ ဖြစ်ရမယ်...မျက်နှာမှာကြည်ရွှင်လို့နေတယ်။
တင့်ဇော်ဦးက အားရပါးရရယ်ရင်း...
"ဟာ..ကိုပိုင်စိုး အတော်ပဲ၊ကျွန်တော် ခင်ဗျားနဲ့တွေ့မှတွေ့ပါမလားလို့""အင်း...ဘာကိစ္စရှိလို့လဲ..အလည်ပြန်လာတာလား၊အလုပ်ကိစ္စတွေရောအဆင်ပြေလား"
"ဟုတ်ကဲ့...ကိုပိုင်စိုးကျေးဇူးကြောင့် အဆင်ပြေနေပါတယ်၊ကျွန်တော် အခုဆို ကုမ္ပဏီနဲ့စာချုပ်လဲချုပ်ပြီးပြီ၊နောက်ဆို ဆက်တိုက်အလုပ်ရှုပ်တော့မှာမို့ အခုခဏလေးအလည်ပြန်လာတာ"
ပိုင်စိုးခေါင်းညိတ်ပြလိုက်တယ်။
တင့်ဇော်ဦးက လက်ထဲကမုန့်ထုပ်တွေကို ပိုင်စိုးကိုကမ်းပေးရင်း...
"ဒါကလက်ဆောင်...ပြီးတော့အန်တီကြည်ဖြူစိုးကမှာလိုက်တာကိုလာပြောတာ""မာမီကဘာမှာလိုက်လို့လဲ..."
ပိုင်စိုးနဲ့တင့်ဇော်ဦးက ခဏလောက်ကြာတဲ့အထိစကားရပ်ပြောဖြစ်ကြတယ်။ခပ်လှမ်းလှမ်းက စိုက်ခင်းကြားထဲမှာထိုင်နေမိတဲ့ ထိုက်နွယ်မှာတော့ ပြောသမျှတွေကို သူ့နားနဲ့ဆက်ဆက်ကြားနေရရင်းထသွားလို့လဲမရ၊ဆက်ပုန်းနေလဲ စိတ်ကမလုံနဲ့ အတော်ကိုဂွတီးဂွကျဖြစ်နေရတယ်။ပြီးတော့ သူကြားလိုက်ရတာတွေက တကယ့်ကိုထင်မှတ်မထားတဲ့ အရာတွေ...
YOU ARE READING
နားနဲ့မနာ၊ဖဝါးနဲ့မနာ...နှလုံးသားနဲ့နာတော်မူပါ...(ongoing)
Romanceသို့/ နွယ်ရေ...နားနဲ့မနာ ဖဝါးနဲ့မနာ..နှလုံးသားနဲ့သာနာတော်မူပါ။နွယ့်အပေါ်ကို တဏှာတစ်ဖက် သဒ္ဒါတစ်ဖက် နဲ့လှေနံနှစ်ဖက်နင်းမိပါပြီ။နွယ့်အပေါ်ကို ချစ်ကြိုက်တာအပြင် မြတ်နိုးတာပါဆင့်နေမိပြီမို့ အခုရည်းစားစာခေါ် ပိယပဏ္ဏကို ရေးလိုက်ရပါတယ်။