နှလုံးသားနဲ့နာတော်မူပါ:အပိုင်း(၅)ကျွန်တော် 'နွယ့်'ကို အိမ်ပြန်လိုက်ပို့ပေးလို့ရမလား...
"ဟေ့ကောင် စတုရန်းကျော်ကျော်...မင်းသတ္တိကောင်းလှချည်လားကွဟမ်!အသက်ရှင်ရတာ မတရားပျင်းနေလို့ ငါတို့ရပ်ကွက်ထဲထိကိုရန်လာစတာလား...ငါတို့ရပ်ကွက်ထဲကကောင်မလေးကို ငါတို့ရပ်ကွက်ထဲမှာတင်စာလိုက်ပေးတာက မင်းမှာအသက်အပိုပါပါတယ်လို့ လူသိထင်ရှားကြော်ငြာချင်တဲ့သဘောလားကွ...ဟမ်!"
ပိုင်စိုးအသံကြီးက အာကာတခွင်ပြဲပြဲစင်လို့ ငှက်တွေတောင်ပျံထွက်သွားကြတယ်။ပိုင်စိုးစကားဆုံးတော့ သူ့နောက်က ကိုတိုးကြီး၊ဖိုးညိုနဲ့ဇင်ကိုတို့ကပါ အင်္ကျီလက်တွေကို ပင့်တင်လို့ ထိန်းမနိုင်သိမ်းမရ ရန်ဖြစ်မဲ့ဟန်တွေဖမ်းလိုက်ကြတယ်။ပိုင်စိုးက ပုဆိုးကိုခါးမှာခိုင်ခိုင်ပြင်ဝတ်ပြီး ခြေထောက်နှစ်ဘက်ကိုချဲထားလိုက်တော့ ရန်စလိုဟန်အပြည့်နဲ့ပုံဖြစ်သွားတယ်။အစကတည်းက မထီလေးစားဟန်အပြည့်နဲ့ ပိုင်စိုးရဲ့မျက်နှာပေးကသွားကြားထိုးတံကို သွားကြားမှာထိုးပြီး ပါးစပ်ကလဲ'ကျစ်၊ကျက်'နဲ့အစုံလုပ်နေတော့ မြင်တဲ့လူမှန်သမျှက အားကုန်သုံးပြီး ထိုးချင်စရာကောင်းနေတယ်။
အထူးသဖြင့်တော့ ပန်းပဲတန်း၊ကန်တော်မောင်လမ်းရဲ့ အော့ကြောလန် သူဌေးသား စတုရန်းကျော်ကျော်ပဲ။သူ့ရဲ့နာမည်ရှေ့မှာ 'စတုရန်း'ဆိုတဲ့ လူနဲ့ဘာမှမဆိုင်တဲ့ ဂျီသြမေတြီ အသုံးအနှုန်းကြီးကို ထည့်ခေါ်ကတည်းက ပိုင်စိုးကို သူနွှာချင်နေတာ။အခုတော့ ရေကန်အသင့် ကြာအသင့်ပဲ...ကြုံတုန်း မှတ်လောက်သားလောက်ရှိအောင် နွှာလိုက်မယ်ဟဲ့ ဆိုတဲ့ရုပ်နဲ့ ကျော်ကျော့်ရုပ်က ဝင်းပြောင်နေတော့တယ်။
"ဟေ့ကောင်..စတုရန်း မင်းကိုငါမေးနေတယ်လေကွာ...ဘာလဲ ရပ်ကွက်ကျော်ရန်စပြီးကာမှ မင်းဘက်ကလူနည်းနေလို့ကြောက်နေပြီလား...မင်းဘက်မှာက ခြောက်ယောက် ငါတို့ဘက်မှာက လေးယောက်ထဲပါဟ...ဒါတောင်ကြောက်နေသေးတာလား..ဟား ဟား ဟား"
"ဟား ဟား ဟား ဟား"
ပိုင်စိုးရယ်တော့ နောက်ကလူတွေကပါ တစ်ညီတစ်ညာထဲ လိုက်ရယ်ကြပြန်တာမို့ ပိုင်စိုးစိတ်ထဲမှာ ဟိတ်ဟန်ထုတ်ရင်းနဲ့ပဲ ရယ်ချင်လာရတယ်။မသိရင် သူကပဲ ရုပ်ရှင်တွေထဲက လူဆိုးဗိုလ်ကြီးကျလို့...။
YOU ARE READING
နားနဲ့မနာ၊ဖဝါးနဲ့မနာ...နှလုံးသားနဲ့နာတော်မူပါ...(ongoing)
Romanceသို့/ နွယ်ရေ...နားနဲ့မနာ ဖဝါးနဲ့မနာ..နှလုံးသားနဲ့သာနာတော်မူပါ။နွယ့်အပေါ်ကို တဏှာတစ်ဖက် သဒ္ဒါတစ်ဖက် နဲ့လှေနံနှစ်ဖက်နင်းမိပါပြီ။နွယ့်အပေါ်ကို ချစ်ကြိုက်တာအပြင် မြတ်နိုးတာပါဆင့်နေမိပြီမို့ အခုရည်းစားစာခေါ် ပိယပဏ္ဏကို ရေးလိုက်ရပါတယ်။