Part-1( U + Z )

3.6K 139 9
                                    

"သခင်လေး..သူတို့ရောက်ရှိလာပါပြီ"

"အင်း! ငါထွက်လာခဲ့မယ်"

လက်ထဲမှ စာအုပ်အား အိ​န္ဒြေရှိရှိဖတ်နေသည့်သခင်လေးဟာ လွန်စွာမှခန့်ညားထည်ဝါလှသော်လည်း သူ၏ ရက်စက်သောစိတ်ထားကြောင့် မည်သူမှ ခေါင်းဖော်မကြည့်၀ံ့ကြပါ။

ထို့အတူ သခင်လေးဖတ်နေသော စာအုပ်မှာ ဘုရင်က တစ်တိုင်းပြည်လုံး မဖြန့်ဝေရန် တားမြစ်ထားသော အပြာစာအုပ်ဖြစ်သည်။
အစေခံတွေဟာ ဒါကိုသိကြပေမဲ့ မသိယောင်ဆောင်နေရ၏။
၀မ်သခင်ကြီး ရိလျန်ကိုယ်တိုင်က သူ့သား မိတဆိုးလေးအား အရမ်းချစ်တာကြောင့် အလိုလိုက်ထားတော့လဲ သခင်လေးက ဒီလိုဆိုးသွမ်းနေတာပေါ့။

၀တ်ရုံအဖြူနှင့် အခန်းတွင်းမှ တောက်ပစွာထွက်လာသည့် ၀မ်အိမ်တော်၏ ဒုတိယသခင်လေးအား သူ့အကြောင်းမသိသူများသာ ငေးချင်ငေးမိကြလိမ့်မည်။သို့သော် ၀မ်အိမ်တော်မှ အစေခံများကတော့ လုံး၀မော်မကြည့်ရဲ။

"ကျေးဇူးကြီးလှပါတယ် သခင်လေး
ကျွန်တော်နဲ့ ကျွန်တော်မိသားစုအသက်ကို
ကယ်ပေးရုံသာမက အိမ်တော်မှာပါ လာနေခိုင်းတော့
ဘယ်လိုကျေးဇူးဆပ်ရမှန်းတောင်မသိတော့ပါဘူး"

၀မ်သခင်လေး ခေါ်လာသည့် ဆင်းရဲသားမိသားစုမှ အကြီးအကဲဖြစ်ပုံရသည့် လူကြီးက ရိုကျိုးစွာပြောလာပေမဲ့ ၀မ်သခင်လေး၏ မျက်၀န်းများကတော့ ထိုလူကြီး၏ ဘေးနားတွင်ထိုင်ကာ ငြိမ်သက်နေသည့် ခေါင်းလုံးလုံးလေးထံသာ ကြည့်မြဲကြည့်နေ၏။

"မလိုပါဘူးရှောင်းဦးလေး
ဒါနဲ့ သူက ဦးလေးရဲ့သားလား၊ နာမည်က..."

"အော်...ကျွန်တော့်တူလေးပါ
နာမည်က ရှောင်းကျန့်ပါသခင်လေး"

"သူကိုယ်တိုင်ဖြေတာ လိုချင်တယ်"

ရှောင်းဦးလေးက ရှောင်းကျန့်အား လက်ကုတ်ကာ

"ဖြေလိုက်လေ"

"ဗျာ! ...ကျွန်တော့်နာမည်ရှောင်းကျန့်ပါသခင်လေး"

မျက်လုံး၀ိုင်း၀ိုင်းလေးများက သူ့ထံ ခနတာမျှကြည့်ပြီး အကြည့်ချင်းဆုံသည်နှင့် ချက်ချင်း အကြည့်ပြန်လွှဲသွားသည်။

🚨You Be My Only🩸Onde histórias criam vida. Descubra agora