Part-10 ( U+Z )

1.2K 62 6
                                    

နူးညံ့အိစက်နေသော ကုတင်ဖြူလွှလွှပေါ်
ထိုလူသားအား ညင်ညင်သာသာ တင်လိုက်ရင်း
ရိပေါ် မှေးထောက်ကာ မျက်နှာနုနုကို စိုက်ကြည့်နေမိသည်။

သေချာသွားပြီ...
သူ့ရဲ့ First sex ကို ရရှိသွားသည့်
ဤတစ်ဦးတည်းသော သူ့အပိုင်လူသားလေးဟာ
သူ့First Love ဖြစ်လာမယ်ဆိုတာ ...

ထို့နောက် ကုတင်ပေါ်ရှိလူသားထံမှ မျက်နှာလွှဲရင်း
အခန်းတံခါး၀ဆီသို့ အကြည့်ပို့လိုက်မိ၏။

"၀င်ခဲ့..."

တံခါး၀တွင်ရပ်ကာ စောင့်ဆိုင်းနေသူက
သခင်လေး၏ အမိန့်စကားအဆုံး တံခါးဖွင့်ကာ
အခန်းထဲသို့ ခြေသံဖွဖွဖြင့် ၀င်လာခဲ့သည်။

"သခင်လေး..."

ရိပေါ်က နှုတ်ခမ်းပေါ်လက်ညှိုးတင်ကာ
တိုးတိုးနေရန် မှာကြား၏။

"လိုက်ခဲ့.."

သခင်လေး၏ အိပ်ခန်းကုတင်ထက် လှဲလျောင်းအိပ်စက်နေသူအား ငေးကြည့်ရင်း
အခန်းထဲမှ ထွက်သွားသည့်သခင်လေးနောက်သို့
ကျင့်လုံယွမ် တိတ်တိတ်လေး လိုက်သွားမိသည်။

ကျင့်လုံဟာ လူမှန်းသိတတ်စကတည်းက
၀မ်သခင်လေး၀မ်ရိပေါ်၏ အပါးတွင်
ခစားလာခဲ့သည့်မို့
ဆယ်စုနှစ်များစွာ ကြာပြီးနောက်
သခင်လေးအား စိတ်ခံစားချက်မရှိဘူးဟုဆိုလျှင်
လိမ်ရာကျလိမ့်မည်။

ဟိုးငယ်စဥ်ကတည်းက
အိပ်ယာပေါ် အကိုတော်ဖြစ်သူကိုတောင်
အအိပ်မခံသည့်သခင်လေးက
မနေ့တစ်နေ့ကမှ ရောက်လာသည့်ကောင်လေးအား
ကုတင်ပေါ် စိတ်လိုလက်ရတင်ထားသည်ကို
တွေ့လ်ိုက်ရတဲ့အခါ ကျင့်လုံရင်ဘက်ထဲ
တင်းကြပ်နေတော့သည်။

အဆောင်အပြင်ဘက် လှေကားနားရောက်တဲ့အခါ
လှေကားထစ်ပေါ်ခြေပစ်လက်ပစ်
ထိုင်ချလိုက်သည့် သခင်လေးက
ကျင့်လုံကို သူ့ဘေးနား လာထိုင်ဖို့အချက်ပြ၏။

သခင်လေးသာ ဆန္ဒရှိမယ်ဆို
ကျင့်လုံဟာ ကိုယ့်အသက်ကိုတောင် ရဲရဲ၀ံ့၀ံ့ စွန့်လွှတ်မည့် လူသားတစ်ဦးပါပေ။

"သခင်လေး...!"

"အဖေ အိမ်တော်ကို ပြန်ရောက်နေပြီမို့လား..
ဘာပြောခိုင်းလိုက်လဲ.."

🚨You Be My Only🩸Where stories live. Discover now