Part-21 ( U+Z )

788 47 10
                                    

"နတ်ဘုရားဝမ်....နတ်ဘုရားကျန်းရောက်နေပါတယ်"

ရှောင်းကျန့်ကိုရင်ခွင်ထဲထည့်ကာ တစ်တီတူးနေသောရိပေါ်က အပြင်ဘက်မှ နတ်သူငယ်လေး၏အသိပေးသံကြောင့် ကုတင်ပေါ်မှဆင်းကာရှောင်းကိုအ၀တ်အသစ်တစ်ထည်လဲပေးပြီး သူကိုယ်တိုင်လဲအ၀တ်အစားလဲရသည်။

"ဘယ်သူလဲရိပေါ်...."

"ကိုယ့်ငယ်သူငယ်ချင်းပါ"

ရိပေါ်က ထိုမျှလောက်ပဲပြောတော့ရှောင်းကျန့်လဲထပ်မမေးတော့ဘဲ ရိပေါ်နဲ့အတူ နန်းဆောင်ထဲကနေထွက်ခဲ့တော့သည်။

"ကိုကိုရိပေါ်....ပြန်လာတာအရမ်းဝမ်းသာတာပဲ..."

တံခါးဖွင့်လိုက်သည်နှင့် နှစ်ယောက်အတူယှဉ်ရပ်နေသည့်ကြားမှ ရိပေါ်ကို ပြေးဖက်သည့်နတ်သမီးကြောင့် ရှောင်းကျန့်ကြောင့်အစွာ ငေးကြည့်နေမိ၏။

နတ်သူငယ်လေးပြောတော့ နတ်ဘုရားကျန်းဆို!
ဒီနတ်သမီးက ဘယ်ကနေရောက်လာတာလဲ။

"ရိပေါ်...."

ရှောင်းကျန့်လက်ကိုကိုင်ထားသည့်ရိပေါ်က သူ့လက်ကိုလွှတ်လိုက်ပြီး ထိုနတ်သမီးကို စက္ကန့်ပိုင်းမျှ ဖက်ထားကာ သူမနှင့်ကိုယ်ချင်းခွါလိုက်ပေမဲ့ ရှောင်းကျန့်ကတော့မျက်နှာမကောင်း။

"ရှောင်း ဘာဖြစ်လို့လဲ?"

"အာ..ဟင့်အင်း ဘာမှမဟုတ်ပါဘူး"

သူတို့နှစ်ယောက်က အတူအိပ်ရုံပဲလေ...
တစ်ယောက်ဘ၀ကိုတစ်ယောက်က ၀င်စွက်ဖက်ခွင့်မှမရှိတာ။
ရှောင်းကျန့်မှာ ဘယ်လိုလုပ်စိတ်ဆိုးခွင့်ရှိမှာတဲ့လဲ။

"ရှောင်းကျန့်....ပြန်လာတာကြိုဆိုပါတယ်"

"ကျန်းချန်.."

လှေကားထစ် အပေါ်မှ လှမ်းမြင်နေရသည့် ကျန်းချန်က လက်တစ်ဖက်ကို ဝှေ့ရမ်းပြ၏။
သိပ်မကြာလိုက်၊ ရှောင်းကျန့်အနားကို လေလိုလျင်မြန်စွာရောက်လာသည်။
လျင်မှာပေါ့၊ကျန်းချန်က လေနတ်ဘုရားကိုး။

ဘေးမှာရိပေါ်လဲရှိနေတာမို့ ရှောင်းကျန့်ခပ်ရေးရေးသာပြုံးပြလိုက်ရသည်။

"ပြောပါအုံး လူ့ဘုံမှာ ဘာထူးထူးဆန်းဆန်းပစ္စည်းလေးတွေတွေ့ခဲ့လဲ..."

🚨You Be My Only🩸Where stories live. Discover now