Part-5( U + Z )

2.1K 97 14
                                    

အိမ်ရှေ့စံမင်းသားနှင့် သူ့မိဖုရား 
ပြန်သွားပြီးတဲ့နောက်မှာ
ပြုံးသယောင်ဖြစ်နေသည့် ၀မ်ရိပေါ်မျက်နှာက
ရုတ်ချည်းပြောင်းလဲသွားပြီး
ရှောင်းကျန့်အနားသို့
ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာ၏။

သူ့ဘေးနား ချက်ချင်းရောက်လာသည့်
၀မ်ရိပေါ်ကြောင့် ရှောင်းကျန့်မှာ ကြက်သီးတို့ တဖြန်းဖြန်း။

ငါ...ဘာအမှားမှ လုပ်မထားပါဘူးနော်။
သူ့စောက်ခွက်ကြီးက ဘာလို့
သားသတ်သမားကြီးလိုဖြစ်နေရတာလဲ?။

"အိမ်ရှေ့စံမိဖုရားနဲ့ မင်းနဲ့ အသိတွေလား"

"အမ်? အာ.....ဟုတ်တယ် သခင်လေး
ငယ်ငယ်တည်းက မိဖုရားကို အရမ်းခင်တာ"

ရှောင်းကျန့်က
တစ်ချက်စဉ်းစားပြီး
အမှန်အတိုင်း​ဖြေလိုက်ပါသည်။

"ဟမ့်!
မင်းက လီတိုင်းပြည်သားမဟုတ်ဘဲ
ဘာလို့ လီတိုင်းပြည်မှာ
လာနေတာလဲ ရှောင်းကျန့်
မဟုတ်မှ မင်းက
အိမ်ရှေ့စံမိဖုရားဆီ လိုက်လာတာလား"

မျက်နှာနှင့် နီးကပ်လာသည့်
ရင်အုပ်ကျယ်ကျယ်တို့ကြောင့်
ခြေတစ်လှမ်း ဆုတ်လိုက်ဖို့အပြင်
၀မ်ရိပေါ်က လေအဝှေ့မှာ
သူ့လက်တစ်ဖက်ဖြင့် ရှောင်းကျန့်ခါးအား
ဆွဲယူသိုင်းဖက်လိုက်လေတော့
ရှောင်းကျန့်မျက်နှာက
၀မ်ရိပေါ် ရင်ဘက်နှင့် ကွက်တိကျ။

ရှောင်းကျန့်က လက်တစ်ဖက်ဖြင့် သူ့မျက်နှာနှင့် ရိပေါ်ရင်ဘတ်ကြား ကာထားလိုက်ပြီး

"အမ်.....မိဘတွေမရှိတော့ကတည်းက
ကျွန်တော့်ဉီးလေးအိမ်ဖြစ်တဲ့
လီတိုင်းပြည်မှာ လာနေရတာမို့
မိဖုရားနဲ့က အခုမှ ပြန်ဆုံတာ"

"အခုဆုံဆုံ နောက်ဆုံဆုံး
ဝေးဝေးနေ! ကြားလား"

၀မ်ရိပေါ်၏ မျက်လုံးနက်နက်များက
ရင်ခွင်ထဲမှ ရှောင်းကျန့်အား
တရားခံစစ်သလို စစ်ဆေးနေပြိး
ရှောင်းကျန့်လက်မောင်းတစ်ဖက် ကိုလဲ
အတင်းဖျစ်ညှစ်ထား၏။
ခုနက ၀မ်ရိပေါ် အကောင်းကြီးပါ၊
အခုမှ လူကို ဆွဲလားရမ်းလားနဲ့
ဘာစိတ်ပေါက်သွားတာလဲ,

🚨You Be My Only🩸Where stories live. Discover now