Part-19 ( U+Z )

960 60 8
                                    

ရှောင်းကျန့် တံခါး၀တွင် ဒူးထောက်နေရသည်မှာနာရီ၀က်ခန့်ရှိပြီဖြစ်သည်။

၀င်ပေါက် တိုင်နှစ်တိုင်ပဲရှိပြီး ပြောင်သလင်းခါနေသည့် လွင်ပြင်ကြီးတွင် တစ်ယောက်တည်းဖြစ်နေတော့ ပျင်းလာ၏။

"ရှောင်း"

နားထဲ ရိပေါ်ရဲ့အသံကြားလိုက်ရတော့ ရှောင်းကျန့် ခေါင်းငုံ့လျှက်သားဖြင့်တစ်ကိုယ်လုံးတောင့်တင်းသွား၏။

မဖြစ်နိုင်တာ....
မတွေ့ရတာကြာပြီမို့ သတိရလွန်းလို့ စိတ်ထင်ယောင်ထင်မှားဖြစ်တာနေမှာပါ။

အခြေအနေနှင့် အချိန်အခါကို ပြန်သတိရသွားပြီးမှ ရှောင်းကျန့်မျက်၀န်းအိမ်တို့က ၀မ်းနည်းရိပ်သမ်းကာ မျက်လွှာချလိုက်တော့သည်။

ဒီအချိန်လောက်ဆို ရိပေါ်က သူ့ကိုလိုက်ရှာနေလောက်ပြီပေါ့....လွမ်းလိုက်တာ...

ခေါင်းငုံ့ထားသည့်ရှောင်းကျန့်က ၀င်ပေါက်တံခါးဆီမှ နတ်မင်းတစ်ပါး၏ အငွေ့အသက်ကို ခံစားမိလိုက်တာမို့ စိတ်ဆိုးစွာ နှာမှုတ်၏။

သူတို့က ဘာမှမသိဘဲ ရှောင်းကျန့်ကို ဆူပြီးအပြစ်ဒဏ်လဲ ပေးသည်။
ရိပေါ်သာ အနားမှာရှိရင် ဒီနတ်မင်းတွေအကုန် မျိုးတုန်းမှာ ဟုရှောင်းကျန့် စိတ်ပေါက်ပေါက်နှင့် လျှောက်တွေးနေ၏။

"ရှောင်း"

"အာ..ကျစ်
ရိပေါ်ရေ ငါရူးသွားပြီထင်တယ်၊အချိန်တိုင်း မင်းအသံပဲ ကြားနေရတယ် ငါတော့တကယ်ပဲ မင်းမရှိရင်...ရင်.."

မေးဖျားအား လာရောက်ထိကိုင်သည့်လက်တစ်ဖက်က ခေါင်းကိုမော့စေတာမို့ မော့ကြည့်လိုက်တဲ့အခါ မြင်လိုက်ရတဲ့မျက်နှာကြောင့် ရှောင်းကျန့် ပြောလက်စစကားကိုပင်မေ့ကာ မိမိမေးစေ့အား လက်ညှိုနှင့်လက်မသုံးကာ ခပ်ဖွဖွကိုင်ထားသည့်လက်ကို ရှောင်းကျန့် လက်နှစ်ဖက်နှင့် ဆုပ်ကိုင်လိုက်မိသည်။

"ဆက်ပြောပါအုံး ရှောင်း...
ကိုယ်မရှိရင်...?"

ရှောင်းကျန့် ကြက်သေသေကာ မတွေ့ရတာကြာပြီဖြစ်တဲ့ မျက်နှာချောချောကို မျက်တောင်မခတ်တမ်း ကြည့်နေ၏။

🚨You Be My Only🩸Место, где живут истории. Откройте их для себя