Part-3( U + Z )

2.3K 99 0
                                    

"ကျွတ်! ကျွတ်! သေတော့မှာပဲ....စပ်လိုက်တာ"

အေးစိမ့်နေတဲ့ ဆောင်းရာသီရဲ့ ညချမ်းအခါတွင် လူတိုင်းက စောင်ပုံထဲကွေးကောင်းတုန်းအချိန်ဖြစ်သော်ငြားလည်း ရှောင်းကျန့်ကတော့ အောက်ပိုင်းဗလာဖြင့် မှောက်အိပ်နေရသည်။
၀မ်ရိပေါ်က သူ့လက်ချက်ကြောင့် နီရဲယောင်ကိုင်းပြီး တဆစ်ဆစ်ကိုက်ခဲနေသည့် ရှောင်းကျန့်ရဲ့ အောက်ပိုင်းနေရာကို ဆေးလိမ်းပေးနေလေရဲ့။

"ဒါနဲ့..မင်းနာမည်အရင်းက ရှောင်းကျန့်လား?.."

"ဟုတ်တယ်!"

"မျိုးရိုးနာမည်ကရော..."

ဆေးလိမ်းပြီးနောက် ရိပေါ်က ရှောင်းကျန့်အား သူ့အ၀တ်အစားများကို ၀တ်ဆင်ပေးနေ၏။

"ရှောင်းပဲ"

"ရှောင်းရှောင်းကျန့်?"

"ဟင်း.....ရှောင်းကျန့် နှစ်လုံးတည်း"

"အော် အင်း...
ဆေးထည့်လို့ ပြီးပြီ
အိပ်တော့"

ရှောင်းကျန့်က မှောက်နေရာမှ ပက်လက်လန်ကာ လှဲနေလိုက်၏။

"မအိပ်ချင်တော့ဘူး.....ဒါပေမဲ့ အေးတယ်
အဲ့ဒီနေရာက ပူပြီးနာနေရောပဲ ..."

"ဖက်ထားပေးမယ်လေ...မင်း အိပ်ချင်ရင်ပြန်အိပ်"

ပြောပြောဆိုဆိုနှင့် ၀မ်ရိပေါ်က ရှောင်းကျန့်အား သူ့ရင်ခွင်ထဲထည့်ကာ စောင်ခြုံလိုက်၏။
သိပ်မကြာလိုက်။ ၀မ်ရိပေါ်ထံမှ အသက်ရှူသံမှန်မှန်ထွက်ပေါ်လာပြီး အိပ်ပျော်သွားပုံပင်။
အိပ်လို့မရသည်က ရှောင်းကျန့်သာ။

ကုတင်ဘေးက စင်ပေါ်တွင် ထွန်းထားသော ဖယောင်းတိုင်ကြီးကား ကုတင်ပေါ်ရှိလူသားနှစ်ဉီးကို အနွေးဓာတ်လုံလောက်စွာမပေးနိုင်သော်ငြား
သူ၏အလင်းရောင်ဖြင့် အခန်းတစ်ခုလုံးအား ပျံ့နှံ့စွာ အလင်းဖြန့်ဝေပေးနေ၏။

ရှောင်းကျန့်က သူ့ခါးပေါ်မှ ၀မ်ရိပေါ်၏လက်အား ဖယ်ချပြီး ရင်ခွင်ထဲမှထွက်ကာ အိပ်ခန်းပြတင်းပေါက်နားထိုင်ရင်း တိမ်မဲကြီးတစ်ချို့ဖုံးနေတာမို့ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် လမင်းကြီးအား ငေးကြည့်နေခဲ့သည်။
.......
||| ဒီအဖေက ဒီရက်ပိုင်း အလုပ်ကိစ္စတွေများတာမို့
အိမ်တော်ကို ပြန်လာဖြစ်မှာမဟုတ်ဘူး ၊
မင်းအစ်ကိုကလဲ နယ်စပ်ကို စစ်ရေးအခြေအနေလေ့လာဖို့ စေလွတ်ခံရတာကြောင့် သူလည်းအခုအလုပ်များနေတယ်။
ဒါ​ကြောင့် အခန်းထဲအောင်းပြီး စာချည်းဖတ်မနေနဲ့နော်အဖေ့သား..
လေ့ကျင့်ရေးကွင်းကိုသွားပြီး ဓားရေးလှံရေး လေ့ကျင့်ချေအုံး....
အဖေအလုပ်ကိစ္စတွေပြီးလို့ အိမ်တော်ကိုပြန်လာတဲ့အခါ အဖေ့သားနဲ့ ဓားရေး ပြိုင်ကြတာပေါ့...|||

🚨You Be My Only🩸Où les histoires vivent. Découvrez maintenant