Part-17 ( U+Z )

879 49 3
                                    

အာရုဏ်တက်လို့ နေရောင်ထွက်ပေါ်လာတာနဲ့အမျှ ရိပေါ်လဲ ပုံမှန်အချိန်အတိုင်းနိုးလာခဲ့သည်။

"ရှောင်း...."

ကုတင်တစ်ခြမ်းရှိ လွတ်နေသည့် နေရာလေးကို တစ်ခဏ စိုက်ကြည့်ပြီး ကုတင်ပေါ်မှ ဆင်းကာ မက်တပ်ရပ်လိုက်၏။

ပွင့်ဟနေသော ပြတင်းပေါက်ဆီမှ တဖြူးဖြူတိုက်ခတ်လာတဲ့လေအေးအေးက အခန်းတွင်း ပေါ့ပါးသည့်အရာများကို လှုပ်ခတ်စေပါသည်။

ရိပေါ်ပြတင်းပေါက်ဆီသို့ လျှောက်သွားကာ ပြတင်းပေါက် ဘောင်တန်းအား လက်ဖြင့် ပွတ်ရင်း

"အဲ့ဒီတာ၀န်ပြီးရင် မင်း ကိုယ်နဲ့ လက်ထပ်ရမယ်..."

အချိန်အတော်ကြာအထိ ပြတင်းပေါက်နားရပ်ရင်း လက်ကောက်၀တ်မှ ကြိုးနီလေးအား ကြည့်နေခဲ့သည်။

တစ်ဖက်တွင်

"မက်မွန်ပန်းပွင့်ပြီ ရှန့်ရှန်..."

"မြင်တယ်! မြင်တယ်!"

မက်မွန်ပင်ကြီးအား မော့ကြည့်ကာ ပြောလာသော ရှောင်းကျန့်နှင့် စိတ်အခြေအနေမကောင်းသည့် ရှန့်ရှန်။

"ကိုယ့်တာ၀န်ကိုယ်သိ...
ခွန်းလွန်တောင်ဆီသွားကြမယ်..."

သစ်ပင်ကိုကျောခိုင်းကာ ခြေလှမ်းလှမ်းရန်ပြင်နေသည့်ရှောင်းကျန့်၏ ပုခုံးအား ရှန့်ရှန်က လှမ်းဆွဲ၏။

"နေပါအုံး
အရင်ဆုံး ဟိုကောင်တွေအများကြီးရှိတဲ့ဆီ မသွားဘူးလား"

"လပြည့်ညမှလေ..."

ထိုအခါမှ "အော် ဟုတ်သားပဲ" ဟုဆိုကာ သူမက ရှောင်းကျန့်အနောက်မှ ခပ်ကုတ်ကုတ် လိုက်လာခဲ့သည်။

"အား လမ်းမလျှောက်နိုင်တော့ဘူး ရှောင်းကျန့်ရ
ဒီကြေးမှုံမှန်လေးကို ကုန်းပိုးသွား..."

ရှောင်းကျန့် သူမကိုမျက်စောင်းထိုးတော့သည်။

"ငါ့ကိုယ်ငါတောင်္ဆ အနိုင်နိုင်
နင့်ခန္ဓာကိုယ်ကြီးကို သယ်ရအုံးမယ်ဟုတ်လား
အိမ်မက်မှတ်နေလိုက်..."

ခပ်တိုးတိုးငြီးညူရင်း သူမက နှေးကွေးသောခြေလှမ်းများဖြင့် လမ်းလျှောက်နေ၏။

🚨You Be My Only🩸Where stories live. Discover now