Part-12 ( U+Z )

1.2K 65 16
                                    

"ရိ ..ရိပေါ်..
ဖြည်းဖြည်းလုပ်မယ်မို့လားဟင်..."

အခုမှ လောလောလတ်လတ်ထွန်းထားသည့် ဖယောင်းတိုင်၏ မီးရောင်အောက်တွင်
အပေါ်ပိုင်းတစ်ခုလုံး ကိုက်ရာဗလပွဖြစ်နေသည့် ရှောင်းကျန့်ပုံစံလေးအား
အပေါ်စီးမှ ကြည့်နေသောရိပေါ်က ထိုစကားကြားတော့
မျက်မှောင်ကျုံ့သွား၏။

"အဲ့တာကိုတော့ မခန့်မှန်းနိုင်ဘူး
ကိုယ့်ကိုမပြောဘဲ အိမ်ကနေ ထွက်ပြီးသွားချင်တဲ့နေရာ
သွားခဲ့တဲ့အပြစ်ရယ်၊ ကိုယ့်ကိုမစောင့်ဘဲ
တစ်ခြားတစ်ယောက်နဲ့ ညစာအတူစားခဲ့တဲ့အပြစ်ရယ်
ဆိုတော့.."

"ရိ...ရိပေါ်က ဘယ်လိုလုပ် သိ.."

"လိမ္မာစမ်းပါ ရှောင်းရာ...
မင်းနဲ့ ပက်သက်သမျှ မင်းရှူသွင်းလိုက်တဲ့
၀င်လေတစ်ချက်စီတိုင်းရော၊မင်းရဲ့ ဒီမျက်တောင်လေးတွေ
တစ်နေ့ဘယ်နှစ်ကြိမ်ခက်သလဲဆိုတဲ့အထိ
ကိုယ်အားလုံးသိတယ်..."

"အဲ့ဒါက ဘယ်လို မှော်ပညာလဲ..."

"သိချင်လား..."

ရှောင်းကျန့်က ခြင်္သေ့ခံတွင်း၀နားရောက်နေသည့် ယုန်သူငယ်လေးလို သူ့အဖြစ်ကို သတိမရဘဲ ရိပေါ်ရှေ့ ခေါင်းငြိမ့်ပြရင်း ချစ်စရာကောင်းအောင်ရယ်နေပါသည်။

အပေါ်သွားနှင့်အောက်သွားအား အသံမြည်အောင် ကြိတ်ရင်း ရိပေါ်ရဲ့ သန်မာသည့်လက်နှစ်ဖက်က အ၀တ်ဗလာဖြစ်နေသည့် ရှောင်းကျန့်ခါးဆီ အလိုလိုရောက်ကာ ဖျစ်ညှစ်ထားလိုက်၏။

"အဲ့ဒီမှော်ပညာကိုခဏထား
ကိုယ်အခု အရမ်းဆာနေပြီ..."

ရှောင်းကျန့်မျက်နှာကား ခရမ်းချဥ်သီးတစ်လုံးလို နီရဲနေချေပြီ။
ပထမဆုံးအကြိမ်မဟုတ်တော့တာတောင်
ဘာလို့ ဒီလိုအချိန်ရောက်တိုင်း ရင်တွေအရမ်းခုန်နေရတာပါလိမ့်။

"ဖြေးဖြေးနော်"

'ပြွတ်စ်!'

"ဟား...ချစ်ဖို့ကောင်းလွန်းလို့ အပြစ်ဒဏ်လျော့ပေးလိုက်မယ်...
ရှောင်းဆီက စကားတစ်ခွန်းလောက်ကြားချင်တယ်..."

"ဘာစကားလဲ ရိပေါ်..."

ငုတ်တုတ်ထထိုင်လိုက်တာကြောင့် ရှောင်းကျန့်ခါးစပ်တွင် ခပ်လျှောလျှောရှိနေသည့် ၀တ်ရုံရှည်ကား တင်ပါးအောက်သို့ ထပ်မံ လျှောကျသွားတော့သည်။

🚨You Be My Only🩸Where stories live. Discover now