Part-11 ( U+Z )

1.1K 63 7
                                    

'ချလွမ်..'

မြေပြင်ပေါ်ပြုတ်ကျသွားသော ဓားတစ်ချောင်းနှင့်အတူ
ဖင်ထိုင်ရက်သား လဲကျနေသည့်လူတစ်ဦး၊
ထိုလူ၏ လည်တိုင်အား ဓားရှည်ဖြင့် ချိန်ရွယ်ကာ
မက်တပ်ရပ်နေသည့် လူတစ်ဦး။

"ဒီရုပ်ရည်လေးနဲ့...မထင်ရဘူးနော်..
တတ်မြှောက်လွယ်လိုက်တာ"

လည်ပင်းအားထိမိဖို့ သီသီလေးသာ လိုတော့သည့်
ဓားအသွားအား ငုံ့ကြည့်ရင်း ရယ်ကျဲကျဲ
ပြောလာသည့် ကျင့်လုံယွမ်စကားကြောင့်
ထိုသူ့လည်ပင်းအား ထောက်ထားသော ဓားကိုဓားအိမ်ထဲသို့ ပြန်ထည့်ကာ ရှောင်းကျန့်
ဟန်ပါပါပြုံးလိုက်ရင်း

"မင်းက လူတစ်ယောက်ရဲ့အရည်အချင်းကို
အပေါ်ယံကြည့်ပြီး ဆုံးဖြတ်တာလား..
ကျွတ်..ကျွတ်..
သိုင်းပညာက အဲ့လောက်သင်ရလွယ်မှန်းမသိခဲ့ဘူး"

ရှောင်းကျန့်အား မျက်စောင်းထိုးရင်း
ကျင့်လုံက ထိုင်နေရာမှ ထရပ်ကာ အင်္ကျီတွင် ကပ်ပေနေသည့်
ဖုန်မှုန့်များအား ခါထုတ်ရင်း  ပြုတ်ကျနေသော
ဓားကိုပါ ကောက်ကိုင်လိုက်သည်။

"ငါ ဒီဓားကို သခင်ကြီးဆီကနေ
မွေးနေ့လက်ဆောင်ရပြီးကတည်းက
လူတွေအများကြီးနဲ့ ဓားရေးပြိုင်ခဲ့ဖူးတယ်
ငါနိုင်တဲ့အခါတွေရှိသလို ရှုံးတဲ့အခါတွေမှာလဲ
ဒီဓားဟာ ငါ့လက်ထဲကနေ ဘယ်တုန်းကမှ လွှတ်ကျမသွားခဲ့ဘူး
ရှောင်ကျန့်...မင်းက ထူးခြားတဲ့လူတစ်ယောက်ပဲ
နဂိုတည်းက ပါရမီပါလို့လား ဒါမှမဟုတ်
မင်းက တန်ခိုးကြီနတ်မင်းတစ်ပါး၀င်စားတာပဲဖြစ်ရမယ်.."

ရှောင်းကျန့်က ထိုစကားကြားတော့ တခိခိရယ်တော့သည်။

"ငါက ပါရမီလဲမပါဘူး၊ နတ်မင်း၀င်စားတာလဲမဟုတ်ဘူး ဒီသိုင်းကွက်တွေက လွယ်လွန်းနေတာပါ"

"ဝေ့! လွယ်လွန်းတယ်ဟုတ်လား
ငါ ဒီသိုင်းအဆင့်အထိရောက်ခဲ့လို့
သခင်လေး၀မ်ရိပေါ်ရဲ့ လူယုံသက်တော်စောင့်အဖြစ်
ရွေးချယ်ခံရတာကွ၊ တခြားလူတွေဆိုရင် သိုင်းကွက်တစ်ခုလေ့ကျင့်ဖို့ ရက်ပေါင်းများစွာကြာတယ်
မင်းကတော့ သိုင်းကွက်၂၀ကျော်ကို
နာရီပိုင်းလေးနဲ့တင် တတ်မြှောက်တာ
နတ်မင်း၀င်စားတာမဟုတ်လို့ ဘာဖြစ်ရမှာလဲ.."

🚨You Be My Only🩸Where stories live. Discover now