Part-6 ( U + Z )

1.9K 101 10
                                    

"သခင်လေး....အခု ဘယ်ကိုသွားနေတာလဲ?"

ရိပေါ်ရင်ခွင်ထဲ
ငြိမ်ငြိမ်လေးလိုက်ပါလာသည့်
ရှောင်းကျန့်က ဘယ်ကို ဦးတည်သွားမှန်းမသိသော
ရိပေါ်၏ ခြေလှမ်းများကြောင့်
မနေနိုင်စွာ ခေါင်းမော့မေးလိုက်တော့
ထိုရေခဲလူသားက နှုတ်ခမ်းလေးများပင် မလှုပ်။

မေးမရတဲ့အဆုံး ရင်ခွင်နွေးနွေးထဲ
ခေါင်းမှီကာ မှေးနေလိုက်၏။

"ရောက်ပြီ.."

တိခနဲ ရပ်သွားသည့် ခြေလှမ်းများကြောင့်
ခေါင်းထောင်ကြည့်မိတော့
၀မ်ရိပေါ်က သူ့ကို မြေပေါ်ချပေးသည်။

"ဟင်...."

ခြေထောက်အောက်မှ
အနီရောင်အရွက်များကြောင့်
ရှောင်းကျန့် ခေတ္တမျှ မှင်တက်နေမိသည်။

မေပယ်ပင်ကြီးများ ၀န်းရံနေသည့်အလည်တွင်
တည်ရှိနေသော ဓနိအိမ်ငယ်လေးတစ်လုံး။

သူတို့နှစ်ယောက်က အိမ်နဲ့ ခပ်လှမ်းလှမ်းမှာ
ရှိနေပေမဲ့ ကြီးမားခိုင်မာသည့်
မေပယ်ပင်ကြီးများနှင့်လည်း
အလှမ်းဝေးနေသေးသည်။

အိမ်တစ်၀ိုက် ကြွေကျနေသည့်
မေပယ်ရွက်နီနီလေးများက
မြေသားပင် မပေါ်အောင် ခပ်စိတ်စိတ်
ပျံ့ကျဲနေသေးသည်မှာ
ခြေချရက်စရာမရှိအောင်ပင်။

"လှလိုက်တာ...."

လွှတ်ခနဲ ထွက်သွားသည့်
စကားအဆုံး ရိပေါ်က ရှောင်းကျန့်အား
ကြည့်လိုက်မိတော့
တလက်လက်တောက်နေသည့်
မျက်၀န်းများဖြင့် ပတ်၀န်းကျင်အား
လှည့်ပတ်ကြည့်နေသည့် ရှောင်းကျန့်ရဲ့
မျက်နှာသွယ်သွယ်လေးကား မြေပြင်ပေါ်မှ
မေပယ်ရွက်များရဲ့ အလင်းရောင်ပြန်မှုကြောင့်
လား မသိ ၊ နီရဲလို့နေ၏။

"အင်း! လှတယ်"

ပြုံးရွှင်နေသည့် ရှောင်းကျန့်အား
တမေ့တမော ငေးနေသောရိပေါ်နှုတ်ဖျားမှ
ထွက်ကျလာသည့် စကားစုလေး...။

အင်း....သိပ်လှတာပေါ့၊
အနီရောင်မေပယ်ရွက်တွေ ခင်ထားသည့်
ကွင်းပြင်ထဲ လျှောက်ပြေးနေသည့်
အဖြူရောင်၀တ်စုံနှင့် ရှောင်းကျန့်ဟာ
ညနေခင်း နေ၀င်ချိန်အလှထက်ပင်
ပို၍ လှပါသေးသည်။

🚨You Be My Only🩸Where stories live. Discover now