Part-14 ( U+Z )

1.1K 54 14
                                    

ကျန်းယွင်မြို့ထဲ ခပ်တည်တည်မျက်နှာထားနှင့် ဓားတစ်ချောင်း၊ ပုံတူပန်းချီစာရွက်တစ်ရွက်ကိုင်ကာ  လမ်းပတ်လျှောက်နေသည့် ကျင့်လုံကို လမ်းသွားလမ်းလာများက အထူးတလည် ငေးကြည့်သွားကြသည်။

"ကျစ်..ဒီပုံစံအတိုင်းသာဆို တွေ့ပါအုံးမယ်
အဲ့ဒီအမျိုးသမီးကို..."

ကျင့်လုံက သူ့ကိုယ်ပေါ်ရှိ ကိုယ်ရံတော်အ၀တ်အစားတို့ကို တစ်ချက်ဖုန်ခါရင်း ခပ်တိုးတိုးရေရွတ်၏။

အင်္ကျီအရောင်းဆိုင်တစ်ခုထဲ လျှပ်စီးလို ၀င်သွားသော ကျင့်လုံက အပြင်ပြန်ထွက်လာတဲ့အခါ
စုတ်ပြတ်နေတဲ့ ဆင်းရဲသားတစ်ဦးကဲ့သို့။

လေကောင်းလေသန့်က်ို တ၀ကြီးရှူသွင်းရင်း
ကျင့်လုံ မပြုံးတတ်ပြုံးတတ်နှင့် ပြုံးနေသည်မှာ နွားပြာကြီး အောက်သွားမရှိဘဲ ပြုံးသည့်အပြုံးမျိုး။

"အဒေါ်တို့ ခင်ဗျ...
ဒီပုံထဲကအမျိုးသမီးကို မြင်ဖူးကြလား.."

စာရွက်ဖြူပေါ် မှင်ဖြင့် ရေးဆွဲထားသော ခပ်ချောချောအမျိုးသမီးတစ်ဦး၏ ပုံတူးပန်းချီကားကို စျေးသည်ကြီးများက ၀ိုင်းကြည့်ကြ၏။

"အဒေါ်တော့ မမြင်ဖူးဘူးကွဲ့..."

"အဒေါ်ပဲ မှတ်ညဏ်မကောင်းတာလားတော့မသိပေမဲ့
ဒီလိုအဆင့်အတန်းမြင့်မြင့်မျက်နှာထားမျိုး တစ်ခါမှ မမြင်ဖူးဘူး.."

"အော် ဟုတ်ကဲ့
ကျေးဇူးပါဗျ.."

စျေးသည်အဒေါ်ကြီးများအား ကျေးဇူးတင်စကားပြောကာ ကျင့်လုံ မြို့ထဲသို့ ဆက်လျှောက်သွားလိုက်သည်။

လမ်းမှာတွေ့သမျှ လူတိုင်းကို စာရွက်ပြပြီး မေးနေရသည့် ကျင့်လုံပုံစံကား အကြွေးမပေးဘဲ ထွက်ပြေးတဲ့လူကို အကြွေးတောင်းရန်လိုက်ရှာနေသည့် ငွေတိုးချေးစားသည့်လူကြီးလို။

တစ်နေ့လုံးလျှောက်သွားပြီးနောက် အခုဆိုရင်ကျင့်လုံက မြို့အစွန့်ရှိ လယ်ကွင်းပြင်များဆီသို့ပင် ရောက်နေပြီဖြစ်သည်။

လယ်ကွင်းများအနားသို့မရောက်ခင် မြို့စွန်၌ တည်ရှိနေသော ချောက်ကမ်းပါးစောင်းဘက် ထိုးထွက်နေသည့် ဗာဒံပင်ကြီး၏ သစ်ကိုင်းတစ်ကိုင်းပေါ် တက်ထိုင်ရင်း မျက်လုံးမှေးကာ လေညှင်းခံနေလိုက်၏။

🚨You Be My Only🩸Where stories live. Discover now