Part-16 ( U+Z )

1K 60 3
                                    

"ရှန့်ရှန်!"

"ရှောင်းကျန့်!"

တည်းခိုဆောင်တစ်ခု၏ အသံလုံအခန်းထံတွင် တစ်ယောက်နညမည်တစ်ယောက်ခေါ်ကာ မျက်လုံးချင်းဆုံအောင် အကြည့်စူးစူးများဖြင့်ကြည့်နေကြသည်။

"နင် ဘာဖြစ်လို့ အဲ့ဒီအပိုပစ္စည်းတွေ ယူခဲ့တာလဲ
ငါတို့တွေ တစ်လောကလုံးကို သံယောဇဥ်ဖြတ်ဖို့ ကတိပေးထားတာနော်!"

"ဘာ! အပိုပစ္စည်း ဟုတ်လား
တစ်လောကလုံးရော နင့်ကိုရော သံယောဇဥ်ဖြတ်လို့ရတယ်
ဒီအဖိုးတန်လေးတွေနဲ့ အရှင့်သားကိုတော့ မရဘူး
မဖြတ်နိုင်ဘူး
ငါ့ကို အသေသာသတ်သွား.."

လက်ထဲမှ အထုတ်လေးအား ရင်ခွင်ထဲပိုက်ကာ ခေါင်းကြီး ဆက်ခနဲမော့ပေးသည့် သူမက ရှောင်းကျန့်အား သူ့လည်ပင်ကို လှီးဖြတ်ရန်ပြော၏။

ရှောင်းကျန့် ထိုင်ခုံပေါ်မှ ထရပ်လိုက်ကာ ပြတင်းပေါက်အနား လျှောက်သွားသည်။

"ဟင်း...
ငါတို့က တာ၀န်အရရောက်လာတာကို နင်မမေ့လောက်ဘူးမှတ်လား ရှန့်ရှန်..."

"မမေ့ဘူး.."

"ဒီလူသားတွေနဲ့ မပက်သက်ခင်ကတည်းက
ငါတို့ ပြောခဲ့ကြတဲ့စကားကိုရော မေ့နေပြီလား.."

"နင်ရော ဟိုကောင်ကို မမေ့နိုင်ဘဲနဲ့
ငါ့ကိုလာမပြောနဲ့ "

ရင့်ကျက်ချင်ယောင်ဆောင်နေသော ရှောင်းကျန့်ကို ရှန့်ရှန် ကုန်းအော်ပစ်လိုက်သည်။

အတူတူနဲ့အနူနူကို လာတရားချနေသေးတယ်..
ရှန့်ရှန်က အရှင့်သားကို ဆေးခတ်ပြီး အနားမှာခေါ်ထားဖို့တောင် အစီအစဥ်ဆွဲခဲ့သေးတာ၊
မတတ်သာလို့သာ အရှင့်သားနဲ့ပက်သတ်တဲ့အမှတ်ရတပစ္စည်းလေးတွေပဲ ယူလာတာကို
လာအပြစ်ပြောနေတယ်....

"ဘယ်ကောင်..?
ရိပေါ်ကိုလဲ ငါမေ့နိုင်အောင်ကြိုးစားပြီးလာခဲ့တာပါဆို
နင်ကတော့ အရှင့်သားကိုလွှမ်းရင် အလွှမ်းပြေကြည့်ဖို့ပစ္စည်းတွေတောင်ယူလာခဲ့တာမို့လား
နင်..!"

"အား မကြားချင်ဘူး
ဖြစ်နိုင်ရင် လူသားအဖြစ်ပြန်၀င်စားပြီး အရှင့်သားအနားမှာပဲ နေသွားချင်တယ်..."

🚨You Be My Only🩸Where stories live. Discover now