Part-9( U & Z )

1.3K 56 4
                                    

နားထဲမှ ဆူဆူညံညံအသံများကြောင့်
ရှောင်းကျန့်တစ်ယောက် အိပ်ရာနိုးလာခဲ့သည်။

"အ!.."

"နိုးပြီလား.."

မြင်လွှာပွင့်လာသည်နှင့်
ဖယောင်းတိုင်မီးရောင်မှိန်မှိန်ကြောင့်
မြင်လိုက်ရသည့်၀မ်သခင်လေး၏ မေးရိုးက
ခန့်ခန့်ညားညားကြီးကို ပေါ်လွင်နေ၏။

ရှောင်းကျန့်ကိုယ်ပေါ်တွင်
အ၀တ်အစားများရှိနေတာကြောင့်
ရိပေါ်လက်ချက်ဆိုတာ
မေးစရာမလိုအောင် သိလိုက်ပါသည်။

"အ..အပြင်မှာ ဘာသံတွေလဲ.."

လူတွေအများကြီးကို ၀ိုင်းပြီးရိုက်နှက်နေကြ၍
နာနာကျင်ကျင် အော်ဟစ်ငိုယိုနေသည့် အသံတွေက
ရှောင်းကျန့်နားမခံသာအောင် ကြားနေရသည်မို့
အိမ်အပြင်ဘက် လှည့်ကြည့်နေသော
ရိပေါ်ကို မေးလိုက်သည်။

"ဒါ မကောင်းဆိုးရွားတွေ"

"ဟင်!"

ရိပေါ် ဘေးတစ်စောင်းလှဲနေသည့်သူ့ကို
ငုံကြည့်ရင်း ပြုံးပြလေ၏။

"မကြောက်ပါနဲ့
အိမ်ရဲ့စည်းထဲကို သူတို့မ၀င်နိုင်ပါဘူး
မနက်ရောက်ရင် ပျောက်သွားကြလိမ့်မယ်"

"သူတို့က ဘာလို့..အော်နေကြတာလဲ.."

အသံတွေကို နားစွင့်နေသည့်ရိပေါ်က အချိန်တော်တော်ကြာတဲ့အထိ သူ့မေးခွန်ကို မတုံ့ပြန်သေး။

"အင်း....အရင်ကအကြောင်တွေကို ပြန်ပြောရရင်..
နိုင်ငံနှစ်ခုရဲ့ နယ်စပ်မှာရှိတဲ့ မေပယ်တောကြီး
လွန်ခဲ့တဲ့ ၁၀နှစ်ကျော်လောက်တုန်းက
စစ်မြေပြင် ဖြစ်ခဲ့တာ...
စစ်ပွဲကြောင့် လူတွေထောင်သောင်းမကသေပြီး
နှစ်နိုင်ငံ ငြိမ်းချမ်းရေးယူခဲ့ကြတယ်၊
မငြိမ်းချမ်းနိုင်ကြသေးတာက စစ်ပွဲမှာ
သေဆုံးသွားခဲ့တဲ့ အငြိုးအတေးကြီး၀ိဥာဥ်တွေလေ..
သူတို့က လပြည့်ညရောက်တိုင်း
လူတွေကို ဒုက္ခအမျိုးမျိုးပေးပြီး သောင်းကျန်းကြလို့
နိုင်ငံနှစ်ခုရဲ့ အကြီးအကဲတွေက ဒီနေရာကို ပြင်ပလူတွေ ၀င်မလာနိုင်အောင် အရံအတားလုပ်ပြီး သစ်တောအဖြစ်ဖန်တီးခဲ့ကြတယ်လေ
လပြည့်ညရောက်တိုင်း
၀ိဥာဥ်တွေပြန်နိုးထလာကြပြီး
ဒီလိုမျိုး အော်ဟစ်အကူအညီတောင်းကြတယ်"

🚨You Be My Only🩸Onde histórias criam vida. Descubra agora