Part-22 ( U+Z )

776 36 10
                                    

အပေါ်ပိုင်း ၀တ်ရုံ ရင်ဘက်ဟပြဲနှင့်ရိပေါ်ရဲ့ဗိုက်သားချပ်ချပ်တွေပေါ် ခွထိုင်ကာ သူ့အင်္ကျီသူချွတ်နေသောရှောင်းကျန့်ကို ရိပေါ်က ဇိမ်ပြေနပြေ ကြည့်နေပေးလိုက်သည်။

ရှောင်းကျန့်က သူ့အပေါ်ပိုင်းအ၀တ်တွေအကုန်ချွတ်ချလိုက်ပြီးနောက် လက်တစ်ဖက်က ကုတင်ကိုထောက်ရင်း ကျန်လက်တစ်ဖက်က ရိပေါ်မေးဖျားကိုကိုင်ကာ ရီဝေစွာကြည့်နေ၏။

သူ့အောက်နှုတ်ခမ်းကိုသူ လျှာနှင့်တစ်ချက်သပ်လိုက်ပြီးနောက် ရှောင်းကျန့်က ရိပေါ်နှုတ်ခမ်းတွေကို သူ့နှုတ်ခမ်းသေးသေးလေးနှင့် ငုံထွေးလာသည်။

ကိုယ်ပေါ်ရှိ အမူးသမားလေး၏ အနမ်းတွေကြားပျော်၀င်သွားသောရိပေါ်က ရှောင်းကျန့်လည်ဂုတ်ကို
လက်တစ်ဖက်နှင့်ထိန်းကိုင်ကာ နှုတ်ခမ်းရဲရဲအား ခပ်ပြင်းပြင်းစုပ်နမ်း၏။
လျှာကို ခပ်ဟဟနှုတ်ခမ်းသားဖြတ်ကျော်၍
ခံတွင်းနွေးနွေးထဲ၀င်ကာ ထိတွေ့လို့ရသမျှ ပါးစောင်၊
အထက်အောက်သွားဖုံးတိုကို ထိထိမိမိထိုးဆွရင်း
လျှာသေးသေးလေးကိုပါ မိမိလျှာနှင့်ရစ်ပတ်ရင်း ခပ်ပြင်းပြင်းတစ်ချက်ချင်းစုပ်ယူတော့
အမူးသမားလေးက မျက်ရည်များ၀ဲတက်လာကာ
ရိပေါ်လက်မောင်းတွေကို ထုရိုက်ပစ်တော့မှ
အရှိန်တက်နေသောအနမ်းခရီးကို အဆုံးသတ်ရသည်။

"အင့်!...ငါရိပေါ်ကိုလုပ်မှာလို့ပြောထားတယ်မို့လား
ဘာလို့ငါ့ကိုလုပ်ဖို့ကြံနေတာလဲလို့!"

ပြန်မဖြေပဲ ခပ်မိုက်မိုက်ခပ်ပြုံးပြုံးနှင့်မျက်လုံးတစ်ဖက်မှိတ်ပြသူကြောင့် ရှောင်းကျန့် ခေတ္တမျှ ရိပေါ်၏ ယောကျ်ားဆန်ကာကြည့်ကောင်းမှုတို့ကြား မျှောသွားရပေမဲ့ အသိစိတ်ကိုပြန်စုစည်းကာ နှုတ်ခမ်းဆူပစ်လိုက်၏။

ရှောင်းကျန့်မျက်နှာက ရိပေါ်ရဲ့လည်တိုင်ထံနှစ်၀င်ကာ ခပ်ဖြောင့်ဖြောင့်လည်ပင်းသားတို့ကို စုပ်ယူ၍ သွားလေးများနှင့်ပါ ကိုက်ခဲပြီး ဖွေးအုနေသောလည်တိုင်ကိုအရာထင်အောင်လုပ်သည်။

မှတ်ထား! အဲ့တာသူများလည်ပင်းကို အနီစက်တွေထအောင်လုပ်ချင်အုံး!

🚨You Be My Only🩸Where stories live. Discover now