Part-23 ( U+Z )

1.4K 41 10
                                    

"ရှောင်း...."

ရင်ခွင်ထဲတွင် အိပ်ပျော်နေသောကောင်လေးအား ရိပေါ်ချစ်မြတ်နိုးစွာ ကြည့်နေမိသည်။

မြေပြင်ပေါ် ဖြေးညင်းစွာဆင်းသက်လိုက်တဲ့အခါ ရှောင်းရဲ့မျက်ခုံးတန်းလှလှလေးက အနည်းငယ်ကျုံသွားပေမဲ့ နှစ်ခြိုက်စွာအိပ်ပျော်နေဆဲပါ။

"ကိုကိုရိပေါ်...ရှင်းရှင်းဆီ လာလည်..!"

"ရှောင်းအိပ်နေတယ် တိုးတိုးပြော"

ရိပေါ်ရဲ့စကားကြောင့် ကျန်းရှင်းရှင်းတစ်ယောက် မျက်နှာပျက်သွား၏။

ဒါဆိုကြားထားတဲ့သတင်းတွေကအမှန်ပဲပေါ့!
ကိုကိုရိပေါ် လူ့ဘုံကနေ နတ်နန်းဆီပြန်လာပြီး အဲ့ဒီနတ်မင်းကိုလဲ သူ့နတ်နန်းမှာခေါ်ထားတယ်တဲ့။
၀မ်နတ်ဘုရားကြီးက ကိုကိုရိပေါ်နဲ့အဲ့ဒီနတ်မင်းကိုလက်ဆတ်ဆေးပးဖို့ မိုးနတ်မင်းဆီကိုတောင် ရွှေပေလွှာပို့သထားတယ်တဲ့လေ။

ကိုကို့ရင်ခွင်ထဲ ကျကျနနအိပ်လို့နေသည့်နတ်မင်းကိုကြည့်ကာ ကျန်းရှင်းရှင်းက လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားပေမဲ့ မျက်နှာလှလှလေးကိုတော့ မူပိုင်အပြုံးမျိုးပြုံးလို့နေသည်။

"ရိပေါ်....ရောက်လာကြပြီလား အယ်..."

ရိပေါ်ရင်ခွင်ထဲတွင် အိပ်ပျော်နေသောရှောင်းကျန့်ကို တွေ့သွားသော ကျန်းချန်က ပါးစပ်လေးလက်ဝါးအုပ်ကာ ခိုးပြုံး၏။

"ညက ရှောင်းကျန့်မူးနေတော့ မင်းတို့...အဟမ်း
ငါက မင်းတို့ မလာမှာတောင်စိုးနေတာ..."

အစ်ကိုတော်ဖြစ်သူ၏စကားကြောင့် ကျန်းရှင်းရှင်းမျက်နှာအခြေအနေမကောင်းတော့။

"အစ်ကို....ငါ ကိုကိုရိပေါ်တို့စားဖို့မုန့်တစ်ချို့သွားယူလိုက်အုံးမယ်"

မျက်နှာပျက်စွာထွက်သွားသူကြောင့် ကျန်းချန် လည်စောင်းကာ ခနတော့ကြည့်လိုက်၏။
ဒါပေမဲ့ သနားလဲမသနားမိ။
ကိုယ့်ညီမဆိုပြီး ဘက်လိုက်မှာမဟုတ်သလို ၊ရိပေါ်က ညီမဖြစ်သူချစ်နေတဲ့သူဆိုပြီး အောင်သွယ်ပေးမှာလဲမဟုတ်။

အသက်ပြည့်လို့ဖူးစာရေးနတ်မင်းကြီးက စုံတွဲတစ်တွဲကိုဖူးစာကြိုးချည်ပြီးပြီဆိုရင် မိုးနတ်မင်းတောင်ဖြတ်နိုင်တာမဟုတ်လို့ ညီမရှင်းရှင်းလုပ်နေတဲ့အရာတွေက ၀မ်ရိပေါ်နဲ့ရှောင်းကျန့်ရဲ့ကံကြမ္မာကို နဲနဲလေးတောင် ပျက်ယွင်းစေမှာမဟုတ်မှန်း ကျန်းချန်သိသည်။

You've reached the end of published parts.

⏰ Last updated: Jun 18, 2023 ⏰

Add this story to your Library to get notified about new parts!

🚨You Be My Only🩸Where stories live. Discover now