Part 2

324 37 4
                                    


_____________________

"ဖွားနွယ်က သားကို တစ်ခါလောက်တော့ ပြန်လာ ဦးတဲ့"

ဖေဖေ့၏ စကားအဆုံးတွင် သျှားသည် ခေါက်ဆွဲ
တွေကို ခက်ရင်းဖြင့် မွှေ့ကာ လုံးနေရင်းမှ နှုတ်ခမ်း စူပြသည်။ဖွားနွယ်နှင့် တွေ့လျှင်
ထိုမှာတင် တစ်ပတ်လောက် သောင်တင်မှာ
သူသိနေတာကြောင့် မသွားချင်ပေ။

နွေရာသီကျောင်းပိတ်‌ရက်ကလေးပဲ သျှားတို့
မိသားစုက သည်အိမ်လေးမှာ လာနေကြတာ
ဖြစ်သည်။သျှားကျောင်းတက်ရသည့် ကာလ
တွေကတော့ မြို့ထဲက အိမ်‌ကြီးမှာပဲ နေကြရပြီး
စာသင်နှစ် တစ်နှစ်လုံး ကျောင်းနဲ့၊ကျူရှင်
လုံးပန်းရတာမို့ ထိုအိမ်ကြီးထက် ဒီအိမ်ပိစိလေးကို ပိုသဘောကျ၏။

"ဖေဖေကပဲ ကြည့်ပြောလိုက်နော်။သား ဖွားနွယ်ကို သတိရတယ်ဆိုပြီး ဖုန်းဆက်လိုက်ပါ့မယ်။
သွားတော့ မသွားချင်သေးဘူး။ပြီးရင် ဖွားနွယ်က
ပြန်မလွှတ်တော့ဘူး"

သျှား ပူဆာပုံကိုကြည့်ရင်း ဟန်မင်း မျက်မှောင်ကျုံ့ မိလိုက်သည်။အသက်သုံးဆယ့်ငါးနှစ်
အရွယ် ယောက်ျားတစ်ယောက်၏ အလိုမကျ
သလို ပြုမူသည့် အပြုအမူက သျှားကို သတိချပ်
လိုက်စေမိ၏။

"သားက အခု လိမ်ပါ လိမ်မလို့လား"

သျှားခေါင်းရမ်းပြရင်းက

"Sorry ဖေဖေ"

ဖွားနွယ်သည် အသက်ကြီးသူပီပီ မှီတွယ်ရာလေး
ရှာတတ်ကြောင်း ဖေဖေ ပြောထားဖူးသည်ကို
သျှားအမှတ်ရကာ စိတ်မကောင်း ဖြစ်မိသွားသည်။သူ့ကို လွမ်းနေသည့် အဖွားအကြောင်း
တွေးမိပြီး သည်တစ်ခေါက်တော့ သွားလည်လိုက်မည်ဟု ဆုံးဖြတ်ရင်း...

"ဒါဆိုလေ သား မနက်ဖြန်သွားလိုက်မယ်နော်။
ဟိုဘက်အိမ်က ညီမလေးကိုလည်း
ခေါ်ချင်တယ်။ဖွားနွယ်ချစ်မှာ သေချာတယ်"

"ဟိုဘက်အိမ်က?သားနဲ့ သိပ်မှမခင်သေးတာ။
သူ့အဖေကလည်း စိတ်ပူမှာပေါ့။မလုပ်ပါနဲ့"

"သားက ဒီအတိုင်း ခေါ်သွားရုံပဲလေ"

"တစ်ခါတစ်လေ ကိုယ့်ဘက်က ရိုးသားပေမဲ့
တစ်ဖက်က ကိုယ့်ရိုးသားမှုကို မယုံကြည်သေးဘူး ဆိုရင် သူ့သံသယတွေကို နားလည်ပေး
ရမှာပဲလေ။သားကိုလည်း သူစိမ်းတစ်ယောက်က
အလည်ခေါ်သွားချင်တယ်ပြောရင် ဖေဖေတို့က
ထည့်မယ် ထင်လို့လား"

Total Where stories live. Discover now