Part 45

472 38 17
                                    

ထိပ်တန်း စားသောက်ဖွယ်ရာများကို တင်လာသည့် တွန်းလှည်းလေးက ဟိုတယ်၏ VVIP
အခန်းတစ်ခုထဲ ဝင်သွားသည်။ဆတ်ငြိမ်နေသည့်
ထိုအခန်းထဲတွင် အသက် နှစ်ဆယ်ကျော်အရွယ်
ကောင်လေးတစ်ယောက်နှင့် ထည်ဝါသော
မျက်နှာထားနှင့် မိန်းမအိုကြီးတစ်ဦးက မျက်နှာ
ချင်းဆိုင် ထိုင်နေကြသည်။

ထိုကောင်လေး၏ အရှေ့က စားပွဲထက်မှာလည်း
ကင်မရာကြီးတစ်လုံးကို တင်‌ထားသေး၏။
သူက အရှေ့မှ အဖွားအိုကြီးကို တစ်ခါတစ်လေ
မထီမဲ့မြင်လည်း ပြုံးပြတတ်သေးသည်။

"ဘာသတင်း ထပ်ရလဲ"

အဖွားအိုကြီးက တည်ကြည်ပြတ်သားသော
အသံနှင့် မေးလာသည်။ထိုကောင်လေးကတော့
ကျောက်ပုစွန်ကိုသာ အာရုံစိုက် စားနေပြီး
မော့မကြည့်။

"အခုတလော ကျွန်တော် ဦးသင်္ဂါတို့ သတင်းတွေ
ရှာဖို့ စိတ်မပါဘူး ဖွားနွယ်။ကျွန်တော် အကောင်းဆုံး သက်သေတွေ ဖွားနွယ်ကို ပေးခဲ့တာပဲလေ။
အဲ့တာတွေနဲ့ မလုံလောက်ဘူးလား"

"မင်း သက်သေတွေက အခုမခိုင်လုံတော့လို့‌ပေါ့။
ရွှေရေးနောင်က တရားဝင်လုပ်ငန်းတွေတောင်
လုပ်နေပြီ။သူ့ ‌တရားမဝင် လုပ်ငန်းတွေဆီ
မျက်စောင်းတောင် လှည့်မထိုးတော့ဘူး"

"သက်သေတွေက ဟောင်းနေလို့ သုံးစားမရတော့
ဘူးလို့ ဖွားနွယ်က ဆိုလိုတာလား"

"အဲ့တာထက် သင်္ဂါ့ကို ကိုင်တွယ်ဖို့ မဖြစ်နိုင်တော့တာ။ငါ့မြေးကပါ အဲ့အုပ်စုထဲ ရောက်နေတယ်။ထိခိုက်စရာရှိရင် ငါ့မြေးပါ ပါလာမှာ
စိုးလို့…"

ကောင်လေးသည် နားလည်စွာ ခေါင်းတဆတ်ဆတ် ညိတ်၏။သူ့လက်ချောင်းတွေမှာ
ပေနေသော ဟင်းအနှစ်တွေကို အသံထွက်အောင် စုပ်ရင်းမှ

"ရွှေရေးက လူကောင်းဖြစ်နေပြီဆိုတော့ အပြစ်
ရှာဖို့ ခက်ခဲသွားပြီ။သတင်းအသစ် ရဖို့ဆို
ကျွန်တော့်အတွက် ငွေအားရော၊အချိန်အားရောပါ အများကြီး လိုတယ်။ဖွားနွယ် ဘယ်လောက်
ပေးနိုင်မလဲ…"

"ရက်ကြာယူလို့တော့ မရဘူး။ငါးလအတွင်း အချက်အလက်တွေ လိုချင်တယ်။ငါ ဘာတွေ
ပေးနိုင်လဲဆိုတာကတော့ ရှင်းရှင်းလေးပဲ။
ဘယ်လောက်ပမာဏ လိုချင်လဲသာ ပြောလိုက်"

You've reached the end of published parts.

⏰ Last updated: Jul 25, 2023 ⏰

Add this story to your Library to get notified about new parts!

Total Where stories live. Discover now