Part 14

204 25 0
                                    

သျှား အလုပ်တွေထဲ ခေါင်းနစ်နေပြီး ညံနှင့်
မတွေ့ရတာတောင် နှစ်လလောက် ကြာသွားသည်။ဒီကြားထဲ သူ မမြင်ချင်ဆုံးသော
ဦးသင်္ဂါနှင့်သာ သွားအတူ လာအတူ ဖြစ်နေ
ရပြီး ညအိပ်ခါနီးမှပင် ခွဲရတော့သည်အထိ။

ထို့ကြောင့် သျှား၏ နေ့ရက်တိုင်းမှာ ပြဿဒါးပင်။

ဒီနေ့တော့ ကသစ်က သူ Audition အောင်ပြီး
သင်တန်းလည်း ခိုးတက်နေကြောင်းပါ သျှားကို
ပြောလာသည်။ဦးသင်္ဂါ မသိအောင် လုပ်ရသည်
ဆိုပေမဲ့ ကသစ် ဝါသနာမို့ သူ မတားရက်ခဲ့။

ဧည့်သည်နှင့် နေ့လယ်စာစားပြီး ကသစ်တို့ သင်တန်းရှိရာဘက်ဆီ သူ သွားကြည့်လိုက်သည်။သင်တန်းဆင်းလာသော ကသစ်ကို
ပလက်ဖောင်းထက်မှာ တွေ့သည်နှင့် သျှား
လှမ်းခေါ်လိုက်၏။

ကောင်မလေးက သူ့ကိုတွေ့တော့ တက်ကြွစွာ
နှုတ်ဆက်သည်။သျှား ပလက်ဖောင်းအနား
ကားရပ်ပေးကာ မှန်ချလိုက်၏။

"တက်။လိုက်ပို့ပေးမယ်"

"ဟာ...မဖြစ်ဘူး။ဖေဖေ သတိထားမိသွားဦးမယ်"

သျှားက ဂရုမစိုက်ဟန်သာ ရယ်၏။

"သူ အခု အလုပ်ရှုပ်နေတာ။ကသစ်ကို အဲ့လောက် မျက်စိတစ်ဆုံး လိုက်မကြည့်နိုင်ဘူး။
ကိုကိုက လမ်းထိပ်ထိပဲ လိုက်ပို့မှာပါ။တက်..."

ကသစ်က ခဏတော့ တွေဝေနေသေး၏။ပြီးမှ
ဆုံးဖြတ်ချက် ပြတ်ပြတ်သားသားချကာ သျှား
ကားပေါ် လိုက်လာသည်။

"နာမည်ကြီးသွားရင် ကိုကိုက ကသစ်အနား
အခုလို ကပ်လို့အဆင်မပြေတော့ဘူးလေ။
အခုအချိန်လေးပဲ ကိုကိုတို့ တွေ့ရ အဆင်ပြေမှာ"

သျှားအပြောကြောင့် ကသစ်က ရှက်ပြုံးနှင့်
သူ့ ပုခုံးကို လာထု၏။

"ဘာမှတောင် မစရသေးဘူး၊ကိုကိုက နာမည်
ကြီးကြောင်း ပြောနေပြီ။"

"ယုံတယ်လေ။ကိုကို့ ညီမလေးက Starဖြစ်မှာ
ဆိုတာ"

သူနှင့်ကသစ် တစ်လမ်းလုံး စကားတပြောပြောဖြင့်ပင်။လမ်းထိပ်မှာ ကသစ်ကို ကားရပ်ပေး
ပြီးသည်နှင့် သူလည်း ပြန်လှည့်လာခဲ့သည်။
အရင်အိမ်လေးဆီ သွားချင်ပေမဲ့ သည်တစ်ခါတော့ ဦးသင်္ဂါနှင့်တိုးပြီး ကသစ်အနေရခက်မှာ
စိုးလို့ မသွားတော့ပါ။

Total Where stories live. Discover now