Part 28

213 30 31
                                    

"တအား မသောက်နဲ့တော့"

သျှားသည်  သင်္ဂါ့လက်ကို ဆွဲကာ ဝိုင်ခွက်ကို
လု၏။ထို့နောက် ခပ်ဝေးဝေးမှာ ထားလိုက်ပြီး
မျက်မှောင်ကြုတ်ကာ ကြည့်လာသည်။

"သူက ဒီလိုမိန်းကလေးဆိုတာ စောစောသိ
သွားတော့ ပိုမကောင်းဘူးလား။ဝမ်းသာနေရမဲ့
အစား ဘာလို့ အဲ့လိုပုံ လုပ်နေတာလဲ"

သင်္ဂါ စားပွဲပေါ် ‌တံ‌တောင်တင်ထောက်ရင်း
သူ့မျက်နှာကို လက်နှစ်ဖက်ကြား ဖွက်ထား
မိသည်။အခုမှ တစ်ကယ် အရှုံးသမားနှင့်
ပိုတူ‌လာတာမို့ သျှား စုတ်သပ်မိ၏။

ဒီမိန်းမနှင့် တွေ့တာ ဘယ်လောက်မှလည်း
မကြာသေးဘဲ ဦးသင်္ဂါက နှစ်ရှည်လများ
နှလုံးသားကြီး ရင်းနှီးထားရသလို လုပ်ပြနေ၏။

သူတို့ စားပွဲဝိုင်းလေးဆီ ဘယ်သူမှ မလာကြ။
ထောင့်ကျပြီး မှောင်နေကာ ဘယ်သူမှတောင်
လှည့်မကြည့်ကြပေ။ဦးသင်္ဂါ တစ်ယောက်တည်း
အရက်တွေ စွတ်သောက်နေမှာ စိုးတာမို့
သျှားလည်း ပွဲထဲမသွားတော့ဘဲ ထိုင်စောင့်ပေး
နေလိုက်သည်။

"မင်း...မသွားဘူးလား"

လူအုပ်ရှိရာဘက် မျက်စပစ်လို့ သင်္ဂါပြောတော့
သျှားက ခေါင်းရမ်းရင်း

"ဦးသင်္ဂါ ဒီလိုဖြစ်နေမှတော့ ကျွန်တော်
ထသွားလို့ ကောင်းမလား"

"မလိုပါဘူး။ငါ အဆင်ပြေတယ်။ခဏနေ
ပြန်တော့မှာ"

"ဒီလောက်သောက်ပြီး ကားမောင်းမို့လို့လား။
ဦးသင်္ဂါ အသက်ရှည်ရှည် မနေချင်တော့ဘူး
ထင်တယ်။ကျွန်တော် ကားပါတယ်။ကျွန်တော်နဲ့
လိုက်ခဲ့"

သင်္ဂါ သေချင်စိတ် ပေါက်သွားသည်။သျှားက
ဘယ်လိုနှင်နှင် နှင်လို့မရပေ။ဘုန်းကြီးသရဲတောင် သူ့လောက် လက်ပေါက်ကပ်မှာ မဟုတ်။

အခုအခြေအနေက ဆောင်းနွေဦး အရူးလုပ်တာ
ခံရလို့ ကြေကွဲနေတာ မဟုတ်ဘဲ သျှားရှေ့မှာ
အရှက်ကွဲခဲ့လို့ ကြေကွဲနေတာသာ ဖြစ်သည်။

အသက်ထက်ဝက်ကျော်ငယ်သော ကောင်လေးတစ်ယောက်ကတောင် လူတွေကိုကြည့်ပြီး
သင်္ဂါ့ထက် ကျိုးကြောင်းဆီလျော်စွာ တွေးနိုင်
သေး၏။သျှား သတိပေးတာ‌ကိုတောင် သူက
ပေါ့ပျက်ပျက် ပြောမိသေးသည်။

Total Where stories live. Discover now